Part 37

350 50 4
                                    

Zawgyi:

      ရှေ့နေ ဦးဟိန်းစက္က၏ ရုံးခန်းလေးအရှေ့တွင် လင်းအာရုံ တွေဝေစွာ ရပ်နေမိသည်။ နောက်တစ်ခေါက် ဒီနေရာကို ထပ်မလာတော့ဟု ဆုံးဖြတ်ထားပြီးမှ အခုလို ရောက်လာရပြန်တော့ သူမတွေဝေနေသင့်သည်လေ။ အခု မလာလို့လည်း မဖြစ်လေ။ အကိုဖြစ်သူနှင့် မိုးသက်ဦးဆီမှ အကြောင်းစုံကို သိပြီးချိန်မှာ ဖေဖေနဲ့ ဦးရဲ့ကိစ္စတွေကြားထဲ သူပါဝင်ပတ်သတ်နေလိမ့်မည်ဟု သူမ တွေးထင်မိသည်။ ထို့ကြောင့်လည်း ဤနေရာသို့ ထပ်ရောက်လာခြင်းဖြစ်သည်။

    သူမ တံခါးခေါက်လိုက်ချိန်မှာ အထဲမှ ထွက်ပေါ်လာသည့် 'ဝင်ခဲ့ပါ'ဆိုသည့်အသံက သူမ့အား ပိုပြီး တွန့်ဆုတ်စေသည်။

    သူမ အခန်းအတွင်းသို့ ခြေလှမ်းဖို့မပြင်ခင် နောက်ဆုံးချိန်လေးမှာပင် ဒီကိစ္စတွေကြား ဖခင်အရင်းဆိုသူ မပါဝင်ဖို့ ကြိတ်ဆုတောင်းမိခဲ့သေးသည်။

"သမီး...။ သြော် လင်း...။ ဦးလေးဆီကိုလာတယ်"

    ဦးဟိန်းစက္ကက ထိုင်နေရာမှ ဇက်ကနဲထပြီး ဝမ်းပမ်းတသာ ကြိုဆိုသည်။ သူမကတော့ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေရသည်။

"လင်းမေးစရာရှိလို့ လာတာပါ..."

"မေးလေ။ ဘာမေးချင်တာလဲ။ ဦးလေး သိတာ အကုန်ပြောပြမယ်"

    လင်းက ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး သူမ၏ ဖခင်အရင်း၏ မျက်ဝန်းတွေက အဆုံးထိကြည့်ကာ

"ဦးလင်းဖေရဲ့ မယားခိုးမှုနဲ့ပတ်သတ်ပြီး သိချင်လို့ပါ"

"လင်းက အဲ့တာကို ဘာလို့ သိချင်တာလဲ"

    ဦးဟိန်းစက္က ၏ အသံတွေ အနည်းငယ်တုန်ယင်သွားပြီး မျက်နှာပျက်သွားသည်ကို လင်းအာရုံ အကဲခတ်လိုက်မိသည်။

"အဲ့ဒီအမှုက လုံးဝ လုပ်ဇာတ်ကြီးပါ။ ဒါနဲ့ ဘာလို့များ ပြစ်မှု မြောက်သွားရတာလဲဆိုတာ..."

"လုပ်ဇာတ်လား တကယ်လားဆိုတာ သမီးက ဘယ်လိုလုပ်သိမှာလဲ။ ဒါတွေက သမီး မမွေးခင်တုန်းက ဖြစ်ခဲ့တာတွေလေ"

     ရှေ့နေပီပီ ပြတ်သားတဲ့လေသံတွေနှင့် မေးခွန်းတွေ ပြန်မေးနေပုံက အကြောင်းတစ်ခုခု ရှိသည့်သဘောပင်။ သူ့အသံတွေ ဘယ်လောက်ပဲ ပြတ်သားနေပါစေ ဘယ်လောက်ပဲ တည်ငြိမ်ပါစေ မျက်လုံးတွေကတော့ ကစားပြီးရင်း ကစားနေခဲ့သည်။ ဒါဟာ သူ မရိုးသားကြောင်း ဖော်ပြနေခြင်းပင်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Onde as histórias ganham vida. Descobre agora