Part 18

315 43 4
                                    

Zawgyi:

       >>>>> 2019 November <<<<

     မိုးသက်ဦးသည် ခြံရှ့မှာ ခန့်မှူးပိုင်ကို နှုတ်ဆက်ပြီး ခြံထဲကို ဝင်လာလိုက်သည်။ ခြံထဲ ဝင်လိုက်သည်နှင့် ပထမဆုံး ကြားလိုက်ရသည်က ဦးငယ်ရဲ့ ဝမ်းနည်းဖွယ် ပလွေသံလေး...။

     ထိုပလွေသံလေးက သူ့ရင်ထဲက နာကျင်မှုကို ပို၍ နှစ်ဆတိုးစေသည်။ ဦးငယ်ရဲ့ ပုလွေသံကြားသည်နှင့် သူဟာ ထုံးစံအတိုင်း ကြွက်ကလေးဖြစ်သွားသည်။ ထိုကြွက်ကလေးဟာ ပုလွေသံလာရာသို့ သွားလိုက်ပါသည်။ သို့သော်လည်း အရင်လို တက်ကြွသည့် ခြေလှမ်းတွေနဲ့ မဟုတ်။

"ညကြီးကို မြွေတွေ လာတော့မှာပဲ ဦးငယ်ရာ.."

   သူအနားရောက်သွားတော့ ဦးလင်းဖေက ပုလွေသံကို ရပ်ပစ်လိုက်သည်။ ထို့နောက် သူ့ကို မျက်ရည်တွေ ရွှဲနေသည့် မျက်ဝန်းတွေနဲ့ ကြည့်လာသည်။ နေပါဦး... ဦးငယ် ငိုနေတာလား။

    ဘေးနားကို ကြည့်တော့ ဘီယာဗူးခွံ သုံးဗူး။ လက်စက တစ်ဗူး။ ညရဲ့ တိတ်ဆိတ်ခြင်းရယ် ဘီယာလေးရယ်နဲ့ သိပ်ကို ဆွေးလို့ ကောင်းတဲ့ အချိန်ကောင်းတစ်ခုပေါ့။

  သူ ဘာမှ ထပ်မပြောတော့ပဲ ဦးလင်းဖေနားကို ဝင်ထိုင်လိုက်သည်။ ဦးလင်းဖေက သူ့အား ဘီယာဗူးလေး ကမ်းပေးတော့ သူငြင်းမနေဘဲ ယူသောက်လိုက်မိသည်။ သူလည်း လိုအပ်နေသည့် အချိန်ပေါ့...။

"ငါ သူ့ကို ရှာလို့မတွေ့ဘူး မိုးသက်...."

    ဦးငယ်က ကောင်းကင်ကြီးကို မော့ကြည့်ပြီး အေးစက်စက် လေသံလေးနဲ့ ပြောလာသည်။ သူ့ကို တစ်ချက်ကြည့်ရုံနဲ့ အပူလုံးကြီးကို ရင်ထဲမှာ အမြတ်တနိုး ထုပ်ပိုးထားတဲ့ လူတစ်ယောက်နဲ့ တူနေမှန်း သိပ်သိသာသည်။

"ဘယ်သူ့ကိုလဲ..."

"ငါ့ရဲ့ အသားကိုလေ..."

      မူးလာတိုင်း အသား ဆိုသည့် နာမ်စားကို တ နေကျမို့ ဒီနာမ်စားဟာ သူ့အတွက် ကြားရတာ ထူးဆန်း မနေတော့။

"ငါ သူ့ကို မုန်းပစ်လိုက်ချင်တယ်။ ဒါဆိုရင်တော့ ငါ သူ့ကို မေ့နိုင်မှာပါနော်"

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now