Part 28

314 50 8
                                    

Zawgyi:

   >>>>> 2019 December <<<<<

    မုန့်ထုပ်တွေအား ညီညာစွာ စီရီထားသော supermarket တစ်ခု၏ စင်တစ်ခုရှေ့တွင် ဦးလင်းဖေက မုန့်ထုပ်တွေအား မိမိခြင်းထဲသို့ ယူ၍ ထည့်နေသည်။ ထိုနေရာသည် တအားနဲ့ ဆူညံနေသည်တော့ မဟုတ်ပေမဲ့လည်း တိတ်ဆိတ်၍လည်း မနေပေ။

    မုန့်ထုပ်တစ်ခုအား စိတ်ဝင်တစားကြည့်နေရင်းမှ မိမိ အနောက်က ဖုန်းပြောရင်း ဖြတ်သွားသော လူနစ်ဦး၏ အသံကို ယဲ့ယဲ့လေးကြားလိုက်ရသည်။

"စိတ်မပူပါနဲ့။ ဒီလောက်ကတော့ ဘာမှမဖြစ်ပါဘူး..."

     ကြားလိုက်ရသည်က တခြားအသံမျိုးစုံရောနေသည့် ခပ်တိုးတိုး အသံတစ်ခုရယ်ပါ။ သို့သော် သူ ထိုအသံကို သိပ်ရင်းနှီးသည်။ ကြားလိုက်ရသည့်အချိန်တိုင်း သူ့နှလုံးသားလေးအား ရိုက်ခတ်နိုင်သည့် ထိုအသံလေး။ ဒီ မမှားနိုင်တဲ့ နှလုံးခုန်သံလေးအရဆိုရင် ဒါ......။

"အသား..."

ဒုတ်!!

"အား...!! အီး...ဟီး..."

     ဦးလင်းဖေက ချက်ချင်းပင် အသံကြားရာသို့ လှည့်ကြည့်ပြီး အမြန်ပြေးရှာဖို့ ခြေလှမ်းပြင်လိုက်သည့်အခါ သူ့အနားရှိ ကလေးငယ်လေးအား ဝင်တိုက်မိတော့သည်။

     ကလေးငယ်က ရုတ်တရတ် လဲကျသွားသည်မို့ နာပြီး လန့်သွားပုံရသည်။ အဆက်မပြတ် အော်ကာ ငိုကြွေးတော့သည်။ ကျယ်လောင်စွာ အော်ငိုနေသော ကလေးငယ်အား ကြည့်ပြီး ထိုကလေးကိုပဲ ချော့ရမလား...။ အသံပိုင်ရှင်နောက်ကိုပဲ ပြေးလိုက်ရမလား...ဟု တွေဝေနေမိသည်။ နောက်ဆုံးတော့ မျက်စိရှေ့က ကလေးငယ်ကိုသာ ပွေ့ချီလိုက်ရတော့သည်။ တစ်ခါလေတော့လည်း ရင်ခုန်သံတွေဟာ မှားတတ်နိုင်တာပဲမလား....။

"သားသား..။ မငိုနဲ့နော် ဦးဦးက သတိမထားမိလိုက်လို့။ သားသားမေမေရော..."

"အီး....မေမေက... ဟင့်... ဟိုဘက်မှာ.."

       ကလေးငယ်က ငိုယိုရင်း သူ့မေမေရှိရာသို့ လက်ညိုးထိုးပြသည်မို့ ဦးလင်းဖေက သူ့ ခြင်းလေးကို ဆွဲကာ ကလေးချီထားလျှက်နှင့် ကလေးအမေရှိရာသို့ သွားလိုက်သည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now