Part 39

545 57 5
                                    

Zawgyi:

        >>>>> 2020 February <<<<<

     ခပ်လေးလေးခြေလှမ်းတွေကပဲ လူကို တုံ့ဆိုင်းစေတာလား။ ဘာကြောင့်လဲ။ ဒီအိမ်ထဲမှာ သူ ရှိနေတယ်ဆိုတဲ့အသိနဲ့တင် ကြည်နူးခြင်းတွေနှင့် ပြေးသွားရလောက်ထိ ဖြစ်နေရမှာလေ။ အခု ဘာကြောင့်များ ရင်လေးနေရတာလဲ။ အထင်လွှဲခံနေရတာကြောင့်လား။ တကယ်ပဲ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမှန်းကို မသိတော့ဘူး။

     ပြန်တွေ့ခဲ့ရင် အရာအားလုံး အဆင်ပြေသွားပြီလို့ထင်ခဲ့တာပါ။ အဲ့ဒီနေ့က သူပြောခဲ့တဲ့စကားတွေ သူရဲ့အကြည့်တွေက အခုထိ ရင်ထဲမှာ တစ်ဆစ်ဆစ်နာကျင်နေတုန်းပင်။ ဘာကြောင့်များ ကျွန်တော်ကို မယုံကြည်ရတာလဲ ကိုလင်းရယ်.....။

     ပွင့်နေသော ခြံတံခါးကြောင့် ခြံထဲသို့ သူ ခပ်ဖြေးဖြေး လျှောက်လှမ်းကာ ဝင်သွားသည်။ ဟိုးအရင်တစ်ခါ ရောက်ဖူးခဲ့သလိုမျိုး ခံစားချက်တော့မဟုတ်။ အခုတော့ လေးပင်နေသော ခံစားချက်တွေနှင့်ပင်။ ခြံထဲမှာလည်း သစ်ရွက်ခြောက်တွေနှင့် နေရာတကာ ရှုပ်ပွနေသည်။

     သူ ခြံထဲသို့ တစ်ချက် ဝေ့ကြည့်ပြီးမှ အိမ်ထဲသို့ဝင်သွားလိုက်သည်။ တစ်ခါတည်းသာ ရောက်ဖူးခဲ့သော်လည်း ဘယ်နေရာမှ ဘာရှိသလဲဆိုသည်မှာ သူ့ရင်ထဲမှာ သံမှိုစွဲနေသလိုပင်။

     ဧည့်ခန်းထဲသို့ ရောက်ရောက်ချင်း မြင်လိုက်ရသည့်မြင်ကွင်းမှာ သူ့နှလုံးသားအား ဆွဲဆုတ်လိုက်သလိုပင် ခံစားလိုက်ရသည်။ စားပွဲပေါ်နှင့် ကြမ်းပြင်တစ်လျှောက်မှုလည်း ရှုပ်ပွနေသည့် ဘီယာပုလင်းတွေ အရက်ပုလင်းတွေ ဆေးလိပ်တိုတွေ မုန့်ခွံတွေနှင့် ပြည့်နှက်လို့နေသည်။ ထိုကြားထဲမှာ ခေါင်းငိုက်စိုက်ကျပြီး အရက်ပုလင်းကိုသာ မြဲမြံစွာ ကိုင်ထားကာ ထိုင်နေသည်က သူချစ်ရသော ကိုလင်း ။ အခုချိန်က မနက် ၁၀ကျော်ပဲရှိသေးတာပါ။ မနက်ခင်းတည်းကပင် သူက ဒီလိုပုံစံဖြစ်နေတာလား။ ဒါမှမဟုတ် တစ်ညလုံးများ သောက်နေခဲ့တာလား။ အခုလိုဖြစ်ရတာ ကျွန်တော့်ကြောင့်များလား။ ကျွန်တော့်ကြောင့်နဲ့ ဘာလို့များ ကိုယ့်ကိုယ်ကို ဒုက္ခခံနေရတာလဲ။ ကိုလင်းရာ...။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now