Part 27

300 51 8
                                    

Zawgyi:

        >>>> 2019 December <<<<

"ဒါတွေက... အဖေ့ဆီ ဘယ်လိုလုပ်..."

     မိုးကောင်းကင်က ပုံးငယ်လေးထဲမှ စာအိတ်လေးတွေကို ကိုင်ကြည့်ရင်း ဖခင်ဖြစ်သူအား တအံ့တသြ မေးလိုက်သည်။

    ဦးမိုးကောင်းဟိဏ်းက အရှေ့မှာ ချထားသည့် ရေခွက်ကို ယူကာ အရင် တစ်ငုံသောက်လိုက်ပြီးမှ....

"အဲ့နေ့က ကျီးရွှေ ဒါတွေကို မီးရှို့ဖို့ လုပ်နေတုန်း အဖေ ယူထား လိုက်တာ။ ခုမှ ပေးရတာ နောက်ကျနေပြီလားတော့မသိဘူး။ အဖေ သူနဲ့ မျက်နှာချင်းမဆိုင်ရဲလို့ မပေးဖြစ်ခဲ့တာပါ။ အဖေနဲ့ မင်းအမေနဲ့ကို မင်းရဲ့ဘွား ကန့်ကွက်တုန်းက သူတစ်ယောက်တည်းပဲ အဖေ့ဘက်မှာ ရပ်တည်ခဲ့တာ။ ဒါပေမဲ့ သူ့အလှည့်မှာတော့ အဖေက မရပ်တည်တဲ့အပြင် ထိုးပါ ထိုးပစ်ခဲ့သေးတာ။ ဒီအတောတွင်း လာမတွေ့ခဲ့တာကလည်း သူ့ကိုတွေ့ဖို့ အဖေ့မှာ သတ္တိမရှိခဲ့လို့ပါ။ မင်းကပဲ မင်းလေးလေးကို စောင့်ရှောက်ပေးလိုက်ပါ..."

     ဦးမိုးကောင်းဟိဏ်း၏ အသံသည် တဖြည်းဖြည်း တိမ်ဝင်လာသည်။  သူ့ကိုယ်သူလည်း အပြစ်ရှိသည့် အပြစ်သားတစ်ယောက်နှယ် သိမ်ငယ်နေသည်။

    မိုးသားလွင်က တကယ်ပင် သူ့ဘက်မှာ ရပ်တည်ပေးခဲ့သည်လေ။ နာမည်ပျက်သတင်းနှင့်ကျော်ကြားသည့် မင်းသမီးတစ်ယောက်ကို ချစ်မိသည့်အချိန်မှာ သူဘာကိုမှ မစဉ်းစားပဲ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒေါ်မိုးအိမ်စည် က အကြီးကျယ်ကန့်ကွက်ပြီး သူတို့အချစ်ရေးကြား အမျိုးမျိုး နှောင့်ယှက်ခဲ့သည်။ ထိုကာလတွေမှာ မိုးသားလွင်တစ်ယောက်ကသာ သူ့ဘက်မှာ ရပ်တည်ပြီး ဒေါ်မိုးအိမ်စည် အား အတိုက်ခံလုပ်ပေးခဲ့သည်လေ။

    မိုးကောင်းကင် ဟူသည့် ရင်သွေးလေး ရှိလာသည်အထိ ကလေးမျက်နှာပင်မကြည့်ပဲ လက်မခံနိုင်ဖြစ်နေသည့် မိခင်ဖြစ်သူအား မိုးသားလွင်ကပဲ အမျိုးမျိုးဖြောင်းဖြပေးခဲ့သည်။ နောက်ဆုံးတော့ မိုးသားလွင်ကြောင့်ပဲ ဒေါ်မိုးအိမ်စည် က လက်ခံပေးခဲ့သည်လေ။

     လက်ခံပေးသည်ဆိုတာကလည်း စာချုပ်မှာ အမည်ခံသလိုသာပင်။ ဦးမိုးကောင်းဟိဏ်း၏ ဇနီးအား ဒေါ်မိုးအိမ်စည် က မည်သို့မျှ ချွေးမအဖြစ် မသတ်မှတ်ခဲ့။ အမျိုးမျိုး တိုက်စစ်ဆင်ကာ ချွေးမဖြစ်သူ ထွက်သွားရေးကိုသာ ကြံစည်နေခဲ့သည်။ ဇနီးဖြစ်သူက ယောက္ခမ၏ ဒဏ်မခံနိုင်တော့၍ ထွက်သွားသည့်အခါ ရင်နှင့်အမျှ ချစ်ခဲ့ရသူ ဦးမိုးကောင်းဟိဏ်းကသာ အပြိုပြိုလဲလဲ ဖြစ်ခဲ့ရသည်လေ။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now