Part 31

306 51 6
                                    

Zawgyi:

      >>>>>> 2019 December <<<<<

     ဒေါ်အေးမြတ်က သားဖြစ်သူအား သူမ မျိုသိပ်ထားခဲ့ရသော အတိတ်ပုံရိပ်အချို့အား ပြောပြရင်း သူမကိုယ်တိုင်လည်း အတိတ်တစ်ခုမှာ စီးမျောနေပြီး မျက်ရည်တို့ဟာ မထိန်းနိုင်ဖြစ်ရသည်။

    ဒေါ်အေးမြတ်ပြောပြသည်များကို မိုးသက်ဦးက ဂရုတစိုက် နားထောင်ရင်း သူလည်း ရှော့အကြီးကြီးရသွားရသည်။ ဦးငယ်က ယောက်ျားလေးတစ်ယောက်ကို သူ့ဘဝတစ်လျှောက်လုံး ရူးသွပ်စွာ ချစ်ခဲ့သည်ကို မိုးသက်ဦး တကယ်ကို မယုံနိုင်ဖြစ်ရသည်။ နောက်ပြီး ဦးငယ်မှာ ဒီလိုအဖြစ်အပျက်တွေ တွေ့ကြုံခဲ့ရမှန်း သူ လုံးဝ မတွေးမိခဲ့လေ....။

"မင်းအဘိုးက ဘယ်လောက်ပဲပြောပြော လင်းဖေက ခေါင်းမာတယ်။ သူက တရားရင်ဆိုင်ဖို့ပဲ ဆုံးဖြတ်ခဲ့တယ်။ သူဘယ်လောက်ပဲမှန်ပါစေဦး။ တမင်အကွက်ချစီစဉ်ထားပြီးသား အမှုကို သူ ဘယ်လို နိုင်မလဲ။ နောက်ဆုံးတော့ တရားလိုဘက်ကို ငွေလျော်လိုက်ရပြီး အမှုပိတ်သွားရတယ်။ လင်းဖေကတော့ မယားခိုးတစ်ယောက် ဖြစ်သွားတာပေါ့"

"အမှုရှုံးသွားပြီးချိန်မှာ လင်းဖေ ဘယ်လို ခံစားနေရမယ်ဆိုတာကို မင်းအဘိုးတို့က မတွေးပဲ သူတို့အရှက်တကွဲဖြစ်ရတာကိုပဲ ပြောကြတယ်။ လင်းဖေ လုပ်ခဲ့တယ်လို့ပဲလည်း ယုံကြည်နေကြတယ်။ အမေကိုယ်တိုင်လည်း အပါဝင် ပေါ့။ နောက်တော့မှ ရွာထိလာပြီး သူ့သားနဲ့ထပ်ပတ်သတ်ရင် မယားခိုးမှုထက် ဆိုးတဲ့ ကိစ္စတွေကို လုပ်မယ်ဆိုပြီး ဒေါ်မိုးအိမ်စည် စော်ကားပြောဆိုမှ လင်းဖေ မှန်တယ်ဆိုတာကို သိခဲ့ရတာ..."

"နဂို အရှက်အကြောက်ကြီးလွန်းတဲ့ အဖေက ဒေါ်မိုးအိမ်စည် ဆီမှာ အဲ့လိုတွေ အပြောခံရတော့ တော်တော် အရှက်ရသွားတယ်။ လင်းဖေက ယောက်ျားတစ်ယောက်နဲ့ ချစ်တယ်ဆိုတာကို သူ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲ့တာနဲ့ လင်းဖေကို အတင်းကြပ် စစ်ထဲ ဝင်ခိုင်းတယ်။ သူတို့ကိုယ်တိုင်လည်း ရွာက ရှိသမျှ လယ်တွေကို ရောင်းပြီး မြို့မှာပဲ အခြေချလိုက်ကြတော့တယ်...."

"သိပ်မကြာပါဘူး။ စစ်တပ်ကနေ အကြောင်းကြားစာရောက်လာတယ်။ လင်းဖေ ထွက်ပြေးသွားတယ်တဲ့။ နောက်တော့ လင်းဖေကို အောင်မိုးအိမ်မှာ မိတယ်။ စစ်ပြေးတဲ့ လင်းဖေက ထောင်ဒဏ် သုံးနှစ်ကျပြီး ကူညီပေးတဲ့ အောင်မိုးက နှစ်နှစ်ကျခဲ့တယ်။ အဖေက သူ့သား အဲ့လိုဖြစ်ရတာ သူ့ကြောင့် ဆိုတဲ့စိတ်နဲ့ အိပ်ရာထဲလဲသွားတော့တာပဲ။ အဲ့တာ ဆုံးသွားရတဲ့အထိပဲပော့။ အမေလည်း သားစိတ် ယောက်ျားစိတ်နဲ့ အဖေ့နောက် လိုက်သွားရတာပဲ။ ထောင်က ထွက်လာတဲ့ လင်းဖေကတော့ မေမေတို့တွေကို နာကျည်းသွားတာ အခုထိပဲ မိုးသက်ရယ်...."

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Hikayelerin yaşadığı yer. Şimdi keşfedin