Part 26

301 46 4
                                    

Zawgyi:

>>>> 2019 December <<<<

ကျယ်ဝန်း ခမ်းနားလှသည့် ရုံးခန်းတစ်ခုထဲတွင် ဒေါ်မိုးအိမ်စည် တစ်ယောက် အသားတွေ တစ်ဆတ်ဆတ်တုန်ပြီး ဒေါသတွေ ထောင်းထောင်းထွက်နေသည်။ သူ့နဖူးပြင်ထက်တွင်လည်း ချွေးသီးချွေးပေါက်များ ခိုကပ်လာသည်အထိပင်။ အကြောင်းကား သူ့ကုမ္ပဏီမှ ရှယ်ယာများကို လူတစ်ဦးတည်းက အကုန်လိုက်ဝယ်နေကြောင်း သိလိုက်ရသောကြောင့်ဖြစ်သည်။

ဒေါ်မိုးအိမ်စည် က စားပွဲပေါ်ရှိ စာရွက်တစ်ရွက်ကို ကြေမွသွားသည်အထိ လုံးခြေ လိုက်သည်။ မျက်လုံးအကြည့်တို့က ဒေါသရိပ်တို့ အငွေ့ရိုက်နေသည့်နှယ်။ အခန်းတွင်းသို့ သူမ၏ အတွင်းရေးမှူးလေး ဝင်လာသည်နှင့် သူမ အသက်ခပ်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းလိုက်ပြီး ခေါင်းကို တစ်ချက် မော့လိုက်သည်။

"ငါ့ဆီကလူတွေက တော်တော် အ ကြတာပဲ။ ၃၀% သော ရှယ်ယာတွေ တစ်ယောက်တည်းစီ ရောက်နေတာကို မသိကြဘူးတဲ့လား..."

"ကျွန်တော် အဲ့လူကို စုံစမ်းလိုက်ပါ့မယ်"

အတွင်းရေးမှူးဖြစ်သူ သန်းထိုက်က ဒေါ်မိုးအိမ်စည် ၏ ခြောက်ခြားဖွယ်အကြည့်နှင့် ကြောက်လန့်ဖွယ်ကောင်းသညိ့ အသံကြောင့် သူ ပြာပြာတလဲ ဖြေလိုက်သည်။ သူ့အဖြေကိုကြားသည်နှင့် ဒေါ်မိုးအိမ်စည် က နှုတ်ခမ်းတစ်ချက် တွန့်ပြီး ပြုံးလိုက်သည်။ ထိုအပြုံးက ကျောချမ်းစရာကောင်းလှသည်။ ဒေါ်မိုးအိမ်စည် အလိုမကျသည့်အခါတိုင်း ထိုသို့ ပြုံးတတ်သည်ကို သန်းထိုက်က သိထား၍သာဖြစ်သည်။ ထိုအပြုံးကြီးက သူ အန္တရာယ် ဇုံ ထဲ ရောက်နေပြီ ဆိုသည်ကို သတိပေးနေသလိုပင်။

"အခုက စုံစမ်းရမဲ့အချိန်လား။ နင်တို့ထက်လည်လို့ ၃၀%တောင် အလွယ်လေး လိုက်ဝယ်ထားတာ။ နောက်ထပ် ၁၀% ပါမသွားတာသေးတာ ကံကောင်း။ အခု နင်တို့လုပ်ရမှာက ကျန်တဲ့ ရှယ်ယာတွေကို သူ ထက် မဝယ်နိုင်အောင် လုပ်ရမှာ နားလည်လား...!"

"ဟုတ်...။ ဟုတ်ကဲ့ ကျွန်တော်တို့ အခု ကျန်တဲ့ရှယ်ယာရှင်တွေကို ခေါ်လိုက်ပါ့မယ်"

ဒေါ်မိုးအိမ်စည် က ခေါင်းလည်း မငြိမ့် ခေါင်းလည်းမခါသည်မို့ သူ ထွက်သွားရမလား။ ဆက်နေရမလား မသိစွာနှင့် အကြပ် ရိုက်နေသည်။ အတန်ကြာရပ်နေပြီးမှ ထွက်သွားဖို့ ပြင်လိုက်တော့....

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now