Part 16

319 45 0
                                    

Zawgyi:

>>>>>1998 March <<<<

တစ်နှစ်ပြည့်ဖို့အတွက် ကိုလင်းဖေ အတော်ပင် စောင့်စားခဲ့ရသည်။ နေ့ရက်တိုင်းကို မိုးသားလွင်အား သတိရသည့်စိတ်၊ လွမ်းသည့်စိတ်တွေနဲ့ သူ ဖြတ်သန်းခဲ့ရသည်။ မိုးသားလွင်မရှိမှန်း သိသော်လည်း သူ ဆေးခန်းကို နေ့တိုင်းနီးပါးသွားခဲ့သည်။

သတိရလွန်းနေသည့်စိတ်များ လျော့သွားမလားဟု ယာအလုပ်တွေကို ဖိလုပ်သော်လည်း လွမ်းဆွတ်ခြင်းတွေက လျော့မသွားခဲ့ချေ။ ကိုလင်းဖေ၏ အတွေးတိုင်းကို မိုးသားလွင်ဆိုသည့် လူသားလေးက စက္ကန့်တိုင်း အပိုင်သိမ်းထားသည်လေ။ အဆုံးစွန် အိပ်မက်တွေထိပါ အပိုင်သိမ်းထားသေးသည်။

လူတစ်ယောက်ကို ဤမျှအထိ ချစ်မိမည်ဟု သူ တစ်ခါမှ မတွေးမိ။ နောက်ဆုံး ချစ်မိသွားတော့လည်း ကိုယ့်ကိုယ်ကို အတော်ပင် အံ့သြရသည်။ အဲ့လောက်ထိ ချစ်ရလားလို့လေ....။

ကျုပ်ရဲ့ မိုးသားကရော ကျုပ်လိုပဲ သတိရနေမလား။ ဒါမှမဟုတ် မေ့များသွားပြီလား....။

လူတစ်ယောက်ကို ချစ်မိရင် သတိရခြင်းတွေအပြင် အပိုထပ်ဆောင်း ကပ်ပါလာသည်တွေက အတွေးလွန်နေသည့် စိုးရိမ်ခြင်းတွေပဲဖြစ်လိမ့်မည်...။

ကိုလင်းဖေတစ်ယောက် တိုင်မှာ ချိတ်ထားသည့် ခမောက်လေးအား ဖြုတ်စောင်းကာ ထုံးစံအတိုင်း ဆေးခန်းသို့ သွားပြန်သည်။ အမှတ်တရတွေထင်ကျန်သော ဒီရွာလမ်းလေးအပေါ် ဖြတ်လျှောက်မိတိုင်းလည်း ပို၍ သတိရမိပါသည်။

သူ ဒီရွာကိုစရောက်တော့လည်း ကိုယ်နဲ့အတူ ပထမဆုံး ဒီရွာလမ်းကို လျှောက်ဖူးသည်မလား။ သူကြီးအိမ်ကနေ လက်ဆွဲပီး ခေါ်လာတုန်းကလည်း ဒီရွာလမ်းလေးမှာ ရှက်သွေးဖြာနေသည့် သူ့ပုံစံ။ သူမူးနေတုန်းကလည်း သူ့ကိုကုန်းပိုးပြီး ဒီရွာလမ်းလေးအပေါ်မှာ လျှောက်ခဲ့ဖူးတာပဲ။ များပြားလွန်းလှတဲ့ ကိုယ်တို့ နှစ်ဦးရဲ့ ခြေရာတွေက ဒီလမ်းလေးပေါ်မှာ လှပလွန်းစွာ တည်ရှိခဲ့သည်....။

"ကိုလင်းဖေကြီး ရောက်လာပြန်ပြီ။ ရှင့်ဆရာလေး မရှိပါဘူးဆို"

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now