Part 9

363 53 2
                                    

Zawgyi:

"ဖြေးဖြေးသွားပါ သမီးရယ်"

      ဝှီးချဲအား အမြန်တွန်းကာ သွားနေသည့် သမီးဖြစ်သူအား ဦးမင်းထွဋ်ခေါင်က မော့ကြည့်ပြီး ပြောလိုက်သည်။

"ဦးက တစ်ယောက်တည်းစောင့်နေခဲ့ရလို့ပါ"

"ဦး....။ သမီးထက် အသက်အများကြီးတာလား"

"ဟုတ်... ဖေဖေ"

   လင်းအာရုံက အသံတိုးတိုးဖြင့် မဝံ့မရဲ ပြောလာသည်မို့ ဦးမင်းထွဋ်ခေါင်က အနည်းငယ် တွေဝေစွာ အချိန်အတော်ကြာ စဉ်းစားပြီးမှ...

"သမီးက တကယ်ချစ်တာလား"

"ဟင့်အင်း သမီးမသိဘူး။ သူ့ကို မြင်တော့ တခါမှ မခံစားရဖူးတဲ့ ခံစားချက်ကြီးခံစားရတယ်။ အဲ့တာ အချစ်လို့ပဲ သမီးထင်တယ်"

"တကယ်ချစ်တာဆိုရင်တော့ ဖေဖေ ဘာမှ မပြောချင်ပါဘူး။ ဒါပေမဲ့ စိတ်ကစားတယ်ဆိုရင်တော့..."

"စိတ်ချပါ ဖေဖေ သမီး ခံစားချက်တွေက သေချာပြီဆိုမှ ရှေ့ဆက်တိုးမှာပါ။ အခုက ဖေဖေ့ကို လိုက်အကဲခတ်စေချင်ရုံပါ..."

"ဟုတ်ပါပြီ သမီးရယ်"

    တခဏအကြာမှာတော့ သူမရဲ့ တက်ကြွနေသည့် ခြေလှမ်းများဟာ ရပ်တန့်သွားသလို သူမ့နှုတ်ခမ်းလေးအား အသာ ဖိကိုက်ကာ မဲ့တဲ့တဲ့ ဖြစ်သွားသည်။

     ဒါကို သတိထားမိတဲ့ ဦးမင်းထွဋ်ခေါင် က လင်းအာရုံ အား အမေးရှိလာခဲ့သည်။

"ဘာဖြစ်လို့လဲ"

"ဦးက.... ထွက်သွားပြီထင်တယ်ဖေဖေ။ သမီးက စာင့်နေပါလို့ သေချာပြောခဲ့တာကို...။ ဦးကလည်း ဟုတ်ပြီလေ ဆိုပြီးတော့....။ အခုက"

    ဂါဝန်ဖားဖားလေးနဲ့ ပြုံးရယ်နေတဲ့ ကောင်မလေးက အခုတော့ ယောက်ျားသား တစ်ယောက်ကြောင့် ငိုမဲ့မဲ့ မျက်နှာလေး ဖြစ်နေတဲ့ မိန်းမပျိုလေးတစ်ယောက်ဖြစ်နေပြီပဲ။

"သူကိစ္စရှိလို့နေမှာပါ"

"ဟုတ်မှာပါလေ..."

"ဒါဆို ဖေဖေတို့ပြန်ရအောင်လေ"

"ဟုတ်ကဲ့ ဖေဖေ"

      အပြန်အခါမှာတော့ သူမ့ ခြေလှမ်းတွေဟာ ခုနကလို တက်ကြွမနေခဲ့။ လေးလေးပင်ပင် ခြေလှမ်းတွေနဲ့အတူ ကျလုဆဲ မျက်ရည်တို့ကိုလည်း ထိန်းထားလျှက်...။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)On viuen les histories. Descobreix ara