Part 30

332 53 9
                                    

Zawgyi:

          >>>>> 2019 December <<<<<

    ဆင်တူနေသော အသံလေး ကြားရုံနှင့် အစိုးမရတော့သော နှလုံးသားလေးကြောင့် မိုးသားလွင်၏ အငွေ့သက်များကို သူ ပြန် ရှာဖွေခဲ့သည်။ နှစ်ယောက်အတူ အိပ်စက်ခဲ့ဖူးသော အလှတရားတစ်ခုအား ဖန်တီးခဲ့ဖူးသော အိပ်ရာထက်မှာ သူအိပ်စက်ရင်း အလှပဆုံးသော နေရက်တွေသို့ ပြန်လည်ရောက်ရှိခဲ့သေးသည်။ ရွာဝင်လမ်းလေးမှာ အတူတူရယ်မောကာ စကားတွေပြောနေသည့်အချိန်ကာလတွေ၊ ဘုရားကုန်းပေါ်မှာ ညနေဆည်းဆာကို အတူတူကြည့်ခဲ့ကြတဲ့ကာလတွေ၊ အသားက ဂစ်တာတီးသင်ပေးတဲ့အချိန်တွေ၊ လူတွေအလစ်မှာ ခိုးပြီးလက်ကိုင်ခဲ့ရတဲ့ ကာလတွေဆီသို့ ခဏတဖြုတ် အလည်ရောက်ခဲ့သေးတယ်။

      ဒါပေမဲ့ အဲ့တာက အိပ်မက်တဲ့။ အိပ်မက်ဆိုရင်တောင် အသားပါတဲ့ အိပ်မက်တွေက ပိုလှနေတယ်ထင်သည်။

      အသားအငွေ့သက်တွေရှိသည့် ဒီအိမ်လေးမှာ စက္ကန့်နှင့်အမျှ ရှိနေချင်ပေမဲ့ ဒီမှာရှိနေရင် အသားကို သတိရတဲ့စိတ်နဲ့ရူးသွားနိုင်တယ်လေ။ ရူးလို့မှ မဖြစ်သေးတာ အသားကို ရှာရအုံးမှာလေ...။

    ဦးလင်းဖေက အိမ်ထဲမှ ထွက်လာပြီး ခြံထဲမှ အပင်မရှိသော ပန်းအိုးငယ်တို့အား ကြည့်ရင်း သူ့မျက်ဝန်းထက်တွင် မျက်ရည်စတို့ ခိုတွဲလာခဲ့သည်။

"ဒီခြံထဲမှာ ဘယ်တော့များမှ စံပယ်နံ့တွေ ရမှာလဲ..."

    သူ ခြံတံခါး ဖွင့်မည်အလုပ်မှာ ခြံတံခါးဘေးနားလေးတွင်ရှိနေသည့် ခေါက်ထားသော စာရွက်လေး တစ်ရွက်အား တွေ့လိုက်ရသည်။ သူ ထိုစာရွက်လေးအား ကောက်ယူလိုက်ရင်း မနေ့ညက ကောင်မလေးပြောသည့် စာရွက်အကြောင်းအား သတိရသွားသည်။

     တခြားတစ်ယောက်၏ မှားပြီး လာထားထားသော စာမို့ သူဖတ်မကြည့်ဘဲ အင်္ကျီအိပ်ကပ်ထဲအား ထည့်ထားလိုက်တော့သည်။ ထိုကောင်မလေးနှင့် ပြန်တွေ့လျှင် ပေးမည်ဆိုသည့်အတွေးနှင့်ပေါ့....။

     ထို့နောက် သူ အိမ်ကိုပြန်လာခဲ့သည်။ အိမ်ထဲသို့ သူဝင်လိုက်သည်နှင့် ဧည့်ခန်းမှာ ပြဿနာရှာဖို့ စောင့်နေဟန်ရှိသည့် အမဖြစ်သူအား သူတွေ့လိုက်ရသည်။ ဒီနေ့တော့ အမနှင့်အတူ ပြိုင်ပြီး ရန်မဖြစ်ချင်သည်မို့ သူ့ခြေလှမ်းတွေအား ပုံမှန်ထက် မြန်လိုက်ပြီး အခန်းသို့ သွားရန်ပြင်လိုက်သည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now