Part 17

305 42 2
                                    

Zawgyi:

     >>>>> 1998 March - April <<<<<

  ကိုလင်းဖေနဲ့ ပြန်တွေ့ရဖို့ ကျွန်တော် သိပ်ကို စိတ်လှုပ်ရှားနေခဲ့သည်။ ဒီတစ်နှစ်ပတ်လုံးမှာလည်း သတိရလွန်းလို့ ရူးမတတ်ပဲ။ စာထဲလဲ စိတ်မပါလို့ ဆရာတွေ ဆူတာ ခံရတာလည်း မနည်းပဲ။

   ကိုလင်းဖေဆီ လာဖို့ မေမေ့ဆီမှာ အရဲစွန့်ပြီး ခွင့်တောင်းခဲ့ရသေးသည်။ မေမေက ခွင့်ပြုလို့သာ တော်သေးသည်။ မဟုတ်ရင် ဘယ်လိုလုပ်ရမလဲ ဟု ကျွန်တော်မသိ...။

   အခုချိန်မှာတော့ ကျွန်တော် သိပ်လွမ်းနေရသည့် ကိုလင်းဖေဆိုသည့် လူသားနှင့် မိုးရေထဲမှာ မဆုံးနိုင်သော အပြုံးတွေနဲ့အတူ ပြေးလွှားနေရပြီလေ...။

"အင်္ကျီတွေစိုကုန်ရင် ကျုပ်အင်္ကျီတွေ ယူဝတ်ထားနော်။ ပြီးမှ သူကြီးအိမ်က မိုးသားရဲ့ အထုပ်တွေ သွားယူပေးမယ်"

    ကိုလင်းဖေက အိမ်ထဲရောက်သည်နှင့် ဆံနွယ်တွင် ကပ်ခိုနေသည့် ရေစက်တွေကို ခါထုတ်ရင်း မိုးသားလွင်အား ပြောလိုက်သည်။

"ကျွန်တော်က သိပ်မစိုပါဘူး။ ကိုလင်းကသာ စိုနေတာ။ အရင် အင်္ကျီလဲလိုက်ပါလား..."

"ရပါတယ်။ ဒီလောက်နဲ့တော့ ဘာမှ မဖြစ်ပါဘူး"

     အနားသို့ ပိုတိုးကပ်၍ ပြောလာသောကြောင့် မိုးသားလွင် အကြည့်လွှဲကာ နေရာအနှံ့ကို လျှောက်ကြည့်နေလိုက်သည်။

"ဒေါ်ဒေါ့်ကိုလည်း မတွေ့ဘူး။ ခုန ကျွန်တော်လာတုန်းက ရှိပါတယ်"

"ယာထဲက အိမ်သွားပြီထင်တယ်..."

"သြော်...."

"မိုသား..."

"ဗျာ..."

"အခု ကျုပ် မိုးသားကို နမ်းချင်တယ်။ ရမလား...."

    ကိုလင်းဖေ၏ စကားကြောင့် မိုးသားလွင်၏ မျက်ဝန်းလေးသည် ပို၍ ဝိုင်းစက်လာသည်။ အနည်းငယ်လောက် ကျောက်ရုပ်သဖွယ်ရပ်တန့်နေပြီးမှ သူ့ရဲ့ မျက်ခွံလေးအား မှေးစင်းပေးသည်။

     ကိုလင်းဖေသည်လည်း မိုးသားလွင်  မျက်လုံးမှိတ်ပေးသည်နှင့် မိုးသားလွင်၏ မျက်နှာလေးအား လက်နှစ်ဖက်နှင့် တယုတယ ကိုင်မော့ကာ ပန်းရောင်သန်းနေသည့် နှုတ်ခမ်းတစ်စုံအား သူ၏ နှုတ်ခမ်းနှင့် တစ်ချက် ဖိကပ်လိုက်သည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now