Part 23

308 46 4
                                    

Zawgyi:

         >>>>> 1996 December <<<<<

"ဒေါ်ဒေါ်ရေ ဟိန်းရော...."

    လူမမြင်ရသေးဘူး။ အိမ်ရှေ့က ထိုကောင်မလေး၏ အော်သံသည် အိမ်နောက်ဘက်ထိပင် ကြားရသည်။ တကယ့်ကို အာပြဲစိန်လေးရယ်....။

"ငါဒီမှာ မာယာ ငါးကန်ဘက်လာခဲ့..."

"အေးအေး အခုလာပြီ။ ဒေါ်ဒေါ် သမီး ငါးတွေ အရင်သွားကြည့်လိုက်အုံးမယ်နော်...."

    မေမေပြန်ပြောသည့်အသံတော့ကြားပေမဲ့ မေမေ့အသံက သူမ့အသံလောက်မကျယ်တော့ သေချာမကြားရ။ သူမကသာ အာကျယ်လွန်းနေတာ။ ပုံမှန်ဆို ရောဂါအခံရှိတဲ့ မိနိးကလေးတွေက သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့ နေကြတာမလား။ သူမကတော့ အဲ့လိုမဟုတ်။ သူကြည့်လိုက်ရင် အမြဲခုန်ပေါက် ပျော်ပါးပြီး သွက်လက်နေတာပဲ....။

"ဟာ... ငါ့ကလေးလေးတွေ။ မတွေ့ရတာ ကြာတော့ တော်တော် ကြီးနေပြီပဲ"

     ရေကန်ထဲက ရွှေငါးလေးတွေကို သေချာစိုက်ကြည့်ပြီး သူမက ပြောလိုက်သည်။ မာယာက ကျွန်တော့်ငါးတွေတော့ အတော်ချစ်သည်။ အခုလည်း သူ ဆေးရုံ ဆင်းလာလာချင်း ငါးတွေကြည့်ဖို့ တန်းလာတာပဲကြည့်။

      မာယာက နက်မှောင်ထူထဲလွန်းသည့် ဆံပင်ရှိသည်။ သို့သော် သူက ထိုဆံပင်ကောင်းကောင်းတွေကို အရှည်ထားရတာမကြိုက်။ အမြဲ ဂုတ်ဝဲလေးပဲ ထားတတ်ပြီး ဖဲပြား စကုတ်တွေကို သူဝတ်တဲ့ ဂါဝန်တွေရဲ့ အရောင်နဲ့ လိုက်ပြီး တပ်တတ်သည်။ မာယာက အမြဲ ဂါဝန်ဖားဖားကြီးတွေကို ဒီဇိုင်းဆန်းဆန်းတွေ ထွင်ပြီး ဝတ်တတ်သည်။ ဘာလို့ဆို မာယာ စက်ချုပ်ဆိုင်သွားတိုင်း အတူ လိုက်ပေးနေကျမို့လေ။ စက်ချုပ်ဆရာတော့ မပြောတတ်ဘူး။ ဘေးက ဘာမှ မသိသည့် ကျွန်တော်တောင် သူ့ကြောင့်နဲ့ ရူးချင်သည်။

    မာယာတို့အိမ်မှာ သူက တစ်ဦးတည်းသော သမီးဆိုတော့ အားလုံးက ဖူးဖူးမှုတ်ထားကြသည်။ ဒီကြားထဲ ကျန်းမာရေးက ခဏခဏဖောက်တော့ တအိမ်လုံးက သူလိုချင်တာမှန်သမျှ ဖြည့်ဆည်းပြီး အလိုလိုက်ထားကြသည်လေ။ ဒါကြောင့်လည်း သူက သူ့အိမ်ကလူတွေပေါ်သာမက လူတိုင်းပေါ် ဆိုးချင်သည်။ ဒါပေမဲ့လည်း သူ့စိတ်ရင်းလေးကတော့ ကောင်းပါသည်။ ကူညီတတ်သည်။ ကြင်နာတတ်သည်။ ကိုယ်ချင်းစာတတ်သည်လေ။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now