Part 35

364 50 9
                                    

Zawgyi:

         >>>>> 2020 January <<<<<

      ဂစ်တာ ကြိုးလေးတွေကို ကျွန်တော် သဘောကျတယ်။ သူတို့လေးတွေက သာမန်ကြည့်ရင် ကြိုးမျှင်လေးတွေလို့ ထင်ရပေမဲ့ သိပ်ကို သန်မာကြတယ်။ တန်ပြန်တတ်သော နိယာမကိုလည်း သူတို့ ဖန်ဆင်းနိုင်တယ်။ သူတို့ကို တင်းတင်းဖိလေ ဖိတဲ့သူလည်း နာကျင်မှုကို ပိုခံစားရတယ်။ သူတို့ကို မမြတ်နိုးတဲ့အခါကျလည်း သူတို့လေးတွေက သူတို့ကို သူတို့ အပျက်စီးခံပြီး တုံ့ပြန်တတ်ကြသေးတယ်။ ဒါကလည်း သူတို့်ကို သဘောကျရတဲ့ အချက်တစ်ခုပဲ။

   တစ်ခါတစ်လေတော့လည်း ကျွန်တော့်အပေါ်ကျလာတဲ့ ဖိအားတွေကို ကျွန်တော်ခံရသလို ပြန်ခံရစေချင်မိတယ်။ ကျွန်တော့်ကို မမြတ်နိုးကြရင် ဂရုမစိုက်ကြတော့ရင် ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ပြီး အာရုံစိုက်ခံချင်မိတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ မကောင်းတဲ့ အချက်တစ်ချက်ပေါ့။

     ဦးမင်းထွဋ်ခေါင်က နယ်ချဲ့လွန်နေသည့် အတွေးတွေအား ပြန် ရုတ်သိမ်းပြီး ဂစ်တာလေးအား ခုံဘေးလေးတို့ ချထားလိုက်သည်။ ဂစ်တာကို ချရင်း အဆတ်မပြတ် ခုန်လာသည့် သူ့ရင်ဘတ်ထဲက သူ့နှလုံးလေးကို သူနားမလည်နိုင်ဖြစ်ရသည်။ တဖြေးဖြေး မောဟိုက်လာသလိုလည်း ခံစားလိုက်ရသေးသည်။ ဘာကြောင့်လဲ။ ဆေးမသောက်ရသေးလို့များလား။ ပုံမှန်ဆို အခုလို မဖြစ်တတ်ပါဘူး။ လှုပ်ရှားမှုတွေများမှသာ ဒီလို တစ်ခါတစ်လေ ဖြစ်တတ်တာလေ...။

"အသား...."

အခု သူ ဘာကိုကြားလိုက်တာလဲ။ ဘာကိုကြားလိုက်ရတာလဲ။ သူ သိပ်ကို လွမ်းဆွတ် တမ်းတနေသည့် သြရှရှအေးစက်စက် အသံလေး။ နားကြားမှားတာများလား။ သိပ်ကို သတိရနေလို့များ ကြားယောင်နေမိတာလား။

    သူ့အတွေးတွေ ပိုပြီးမများခင်လေးမှာ သူ အသံလာရာသို့ လှည့်ကြည့်မိသည်။ မဖြစ်နိုင်မှန်းသိပေမဲ့ မျှော်လင့်နေတုန်းမို့လေ...။

    သူလှည့်ကြည့်လိုက်မိတော့ အနက်ရောင် suit နဲ့ အလွန်ကြည့်ကောင်းနေသည့်သူတစ်ယောက် ရပ်နေသည်။ မပြောင်းလဲသေးသည့် ခန္ဓာကိုယ်နှင့် ပုံသဏ္ဍာန်ကြောင့် ဒါဟာ အမြင်အာရုံဝေဝါးမှုလားတောင် ထင်မိသည်။ တကယ်လည်း  သူ့မျက်လုံးတွေပြာနေပြီ...။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Where stories live. Discover now