Part 6

470 53 5
                                    

Zawgyi:

          >>>>> 2019 Septemper <<<<<

    တိတ်ဆိတ်လှသော ဧည့်ခန်းကြီးထဲတွင် ဖုန်းထဲ ခေါင်းဝင်မတတ် စိုက်ကြည့်နေပြီး မိမိအားအဖတ်မလုပ်သော ရှင်းသန့်ငယ်ကြောင့် ခန့်မှူးပိုင် အလိုမကျဖြစ်ရသည်။ ဒူးလေးအား မသိမသာနန့်ကာ ရှင်းသန့်ငယ်စကားစပြောမည်ကို စောင့်စားနေရင်းမှ မနေနိုင်မထိုင်စွာဖြင့်...

"မင်းအဲ့တာ ဘာလုပ်နေတာလဲ"

"ဖုန်း ကြည့်နေတာလေ"

ဖြေပုံက မခန့်လေးစားနဲ့။ မျက်လုံးတောင် လှန်မကြည့်ဘူး။

"မင်းဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ"

    အခုထိ မျက်လုံးက ဖုန်းကမခွာ။ ဒီကောင်လေးကို ဘယ်လိုနားလည်ရမလဲ။ အရင်ရက်တွေကျ သူပဲ ထုန်းတွေတဂွမ်ဂွမ် ဆက်၊ စာတွေ ဆက်တိုက်ပို့၊ အတင်းစကားတွေလိုက်ပြောပြီး အခုကျ ဘာဖြစ်ရပြန်တာလဲ။

"ငါ စကားပြောနေရင် ငါ့ကိုပဲကြည့်"

    သည်းမခံနိုင်တဲ့အဆုံး ဖုန်းကို ဆွဲလုလိုက်ပြီး ပြောတော့ နှုတ်ခမ်းပါးလေးအား တင်းတင်းစေ့ပြီး မချိပြုံးလေးပြုံးပြီး မျက်လုံးလေးလှန်ကြည့်လာတယ်။ ပုံစံက သူ့ကိုပဲ နှောင့်ယှက်နေလို့ ညိုငြင်နေသလိုလို။ သြော်...ဖြစ်ရလေ။

"ဟုတ်ကဲ့"

"ငါ့ကို စိတ်ဆိုးစရာများ ရှိလား"

"မရှိပါဘူး"

"မရှိရင် ဘာလို့ ငါ့ကို ဂရုမစိုက်တာလဲ။ ဒီနေ့တစ်နေ့လုံး..... အာ.... ထားလိုက်တော့။ ရော့ ဖုန်းပဲ ဆက်ကြည့်"

"ဟုတ်"

     ဖုန်းကိုပြန်ပေးတော့ ဖုန်းကိုပဲ ပြန်ကြည့်နေတယ်။ ကျွန်တော့်ကိုတော့ ရှိတယ်လို့တောင် သဘောမထားဘဲပေါ့။

"ဟေ့ရောင် ဟိုလင်းအာသီးမရော"

     အပေါ်ထပ်မှ ဝတ်စုံအပြည့်နှင့် ပြန်ဆင်းလာသော သူငယ်ချင်းဖြစ်သူ မိုးသက်ဦးမေးသည်ကိုလည်း သူမကြားတော့။ မိုးသက်ဦး ဝတ်လာသော ဝတ်စုံကိုလည်း သူစိတ်မဝင်စားတော့။ သူသိသည်မှာ  သူ့ဘေးနားက ပြောင်းလဲနေသော ဖြူဖြူလုံးလုံး ကောင်လေးကိုသာ ဘဝင်မကျဖြစ်နေသည်။

မိုးသားတို့ ကင်းစင်ချိန် (မိုးသားတို့ ကင်းစင်ချိန်)Donde viven las historias. Descúbrelo ahora