Part1

17.3K 1.2K 21
                                    

unicode

"အဲ့ဒီ.ရုပ်ဆိုးကောင်ကိုသေအောင်ရိုက်ကြ"

"ဟားဟား......အဖေမရှိပဲမွေးလာတဲ့ကောင်"

"သူ့အမေကလည်းသူ့ကိုအရမ်းမုန်းတာကွ"

"ဟုတ်မှာပေါ့သူ့လိုရုပ်ဆိုးကောင်ကိုဘယ်သူကချစ်မှာတုန်း.....အ က အနေသေး"

တောင်ခြေရှိကျောင်းဝန်းထဲကချယ်ရီပင်အောက်တွင်ကလေးတစ်သိုက်ကမြေပြင်ပေါ်တွင်ခွေခွေလေးလဲနေသောကလေးကိုရိုက်နှက်ရုံသာမကစကားများဖြင့်ပါပုတ်ခတ်ပြောဆိုနေသည်။

မျက်နှာတစ်ခုလုံးဖူးယောင်နေသော်လည်းအော်သံတစ်စမထွက်ပဲမျက်ရည်များကျဆင်းနေသောထိုကလေးမှာသနားစရာကောင်းလွန်းလှသည်။

"ဟေ့ကောင်တွေ"

နောက်ကကြားလိုက်ရသောအသံသေးသေးလေးကြောင့်ကလေးတစ်သိုက်လှည့်ကြည့်လာသည်။

"အကိုကြီး!"

ထိုကလေးအဖွဲ့ထဲမှကလေးဗိုလ်ဖြစ်လောက်မည့်တစ်ယောက်ကရောက်လာသောကလေးကိုလှမ်းခေါ်လိုက်ခြင်းဖြစ်သည်။

"မင်းတို့ဘယ်သူ့ကိုအနိုင်ကျင့်နေတာလဲ"

အနားသို့ရောက်လာပြီးမြေပြင်ပေါ်လဲနေသောတစ်ယောက်မျက်နှာကိုဆွဲမော့ကာကြည့်လိုက်သည်။

"ကျန့်ကျန့်"

သူ့နှုတ်ဖျားမှကြားရရုံလောက်ပြောမိသည်။ထို့နောက်ဒေါသတကြီးတောက်တချက်ခေါက်ကာနောက်သို့လှည့်လိုက်သည်။

"သူ့ကိုအနိုင်ကျင့်ဖို့ငါမင်းတို့ကိုပြောမိလား!!!!"

"ဟို.....ဟို....."

"သွား!!.....ခုထွက်သွား....မဟုတ်ရင်မင်းတို့ကိုငါ့အဖိုးနဲ့တိုင်မယ်"

ကလေးတွေလည်းရိပေါ်ကအဖိုးလို့ပြောလိုက်တာနဲ့ထွက်ပြေးသွားကြတော့သည်။ဝမ်ရိပေါ်အဖိုးဝမ်ကျောက်ရှင်းကဘယ်သူမှတ်လို့ဒီကျောင်းရဲ့ကျောင်းအုပ်ကြီးပဲဟာ။

ကလေးတွေထွက်သွားတော့မှရိပေါ်လည်းလဲနေသောကျန့်ကျန့်ကိုတွဲကာချယ်ရီပင်နားသို့ခေါ်သွားပြီးထိုင်စေလိုက်သည်။နှုတ်ခမ်းပေါက်သွားကာမျက်လုံးတစ်ဖက်ယောင်ကိုင်းနေသောကလေးလေးမှာမျက်နှာတခြမ်းကမွေးရာပါအမာရွတ်ကြီးကြောင့်ပို၍အကျည်းတန်နေသယောင်။သို့သော်ရိပေါ်အတွက်တော့မထိရက်မကိုင်ရက်နိုင်သောကော်ပတ်ရုပ်လေးလိုပင်။ဒဏ်ရာတွေကိုလက်နှင့်အသာထိကြည့်တော့မျက်ရည်တွေဝိုင်းကာကြည့်လာသည်။သူ့မျက်ရည်တွေမြင်တော့ပို၍ဒေါသထွက်ရသည်။တကယ်ဆိုရိပေါ်အသုံးမကျတာပါဟိုကောင်တွေကိုလွတ်ထားခဲ့မိတာ။

My Ugly Boy(completed)Tahanan ng mga kuwento. Tumuklas ngayon