Part 18

8.4K 845 20
                                    

Unicode

"အင်း....ဟင်း...."

"ကျန့်ကျန့်သတိရလာပြီလား???"

"ပေါ်ပေါ်"

လေသံဖျော့ဖျော့လေးနဲ့ထူးလာတဲ့ကျန့်ကျန့်ကမေ့နေတာတစ်ရက်ကျော်ကျော်လောက်ရှိပြီ။တော်သေးတာပေါ့ရိပေါ်ရောက်လာခဲ့လို့မဟုတ်ရင်စိတ်မနှံ့တဲ့ကျန့်ကျန့်မားမားလက်ချက်နဲ့အခုချိန်ကျန့်ကျန့်အသက်တောင်ရှိပါဦးမလား။

"နေရတာအဆင်ပြေလားဟင်။ခေါင်းတွေဘာတွေကိုက်သေးလား"

"ဟင့်အင်း!!မားမားရော??"

"ဘာလို့သူ့ကိုမေးနေသေးတာလဲ။ကျန့်ကျန့်ကိုဒီလောက်ရိုက်နှက်ထားတာတောင်!!!"

ရိပေါ်ငေါက်သံပါသွားတော့မျက်ရည်လေးတွေဝိုင်းလာပြန်ရော။

"ပေါ်ပေါ်ကကျန့်ကျန့်ဘက်ကမခံချင်လို့ပါ"

"အင်း...ကျန့်ကျန့်နားလည်ပါတယ်ပေါ်ပေါ်။"

'ဟုတ်တယ်....ကျန့်ကျန့်နားလည်တယ်။ကျန့်ကျန့်သာမားမားကိုကောင်းကောင်းမဆက်ဆံရင်အဲဒီလူကြီးကပါးနဲ့မားကိုသတ်လိမ့်မယ်။သူကပါးနဲ့မားရဲ့အနီးဆုံးမှာရှိနေတာသူသတ်ချင်ရင်အလွယ်လေးပဲ။ကျန့်ကျန့်အဲ့လိုဖြစ်ဖို့ခွင့်မပြုနိုင်ဘူး။´

"ကျန့်ကျန့်!!ကျန့်ကျန့်!!"

"ဟင်!....ဘာလဲပေါ်ပေါ်"

"ဘာတွေတွေးနေတာလဲ??ခေါင်းကိုက်နေမှာပေါ့။ဗိုက်ဆာလား???ဖွားဖွားကဆန်ပြုတ်ပြုတ်ပေးထားတယ်။သောက်မလားဟင်?"

"အင်းသောက်မယ်။ကျန့်ကျန့်ဗိုက်ဆာနေပြီ"

"ဟုတ်ပြီပေါ်ပေါ်ခွံ့မယ်နော်"

ဘေးကစားပွဲပုလေးပေါ်ရှိဆန်ပြုတ်ပန်းကန်ကိုယူလိုက်ကာတစ်ဇွန်းချင်းစိတ်ရှည်လက်ရှည်တိုက်လိုက်သည်။အကြာကြီးသတိမေ့နေပြီးအစာမစားရသေးလို့ထင်တယ်ဆန်ပြုတ်တစ်ပန်းကန်ကခဏလေးနဲ့ကုန်သွားတယ်။ကျန့်ကျန့်ရဲ့နှုတ်ခမ်းထောင့်မှာပေနေတဲ့ဆန်ပြုတ်တချို့ကိုရိပေါ်ပုဝါနဲ့တယုတယသုတ်ပေးလိုက်သည်။

"ပေါ်ပေါ်"

"ဗျာ...ဗျ"

"ဟိုတစ်နေ့ကပေါ်ပေါ့်မားလာတယ်ဆိုကျန့်ကျန့်လည်းမတွေ့လိုက်ရဘူး။"

My Ugly Boy(completed)Onde histórias criam vida. Descubra agora