Part 29⚠️

11.9K 807 34
                                    

Unicode

ကားကိုစက်သတ်လိုက်ပြီးရိပေါ်ကားပေါ်ကဆင်းလာခဲ့သည်။ရွာကိုရောက်ဖို့မရပ်မနားမောင်းလာခဲ့တာညနေတောင်စောင်းနေပြီ။ဒါပေမယ့်သူ မပင်ပန်းပါ....ကျန့်ကျန့်ကိုတွေ့ချင်စိတ်တွေသာအပြည့်စိုးမိုးနေသောကြောင့်ဖြစ်သည်။အရင်တုန်းကအတိုင်းမပြောင်းမလဲ....ချောင်းသွယ်လေးကိုသွားတဲ့လမ်းမှာချုံပုတ်တွေနဲ့ထူထပ်နေတုန်း။ကြိုးတံတားလေးကတော့အခုကျောက်ခင်းတံတားလှလှလေးဖြစ်နေပြီ။

ရိပေါ်ကျောက်ခင်းတံတားလေးကိုလျှောက်လှမ်းလာချိန်မှာ၉နှစ်သားအရွယ်တုန်းကယုန်ရုပ်လေးကိုပိုက်ပြီးကျန့်ကျန့်ရှိရာလျှောက်လှမ်းခဲ့တဲ့ရင်ခုန်သံမျိုးပြန်လည်ခံစားရတယ်။သူတို့နှစ်ယောက်ဒီတစ်ခါတော့ထက်မဝေးလောက်တော့ပါဘူးနော်။ချောင်းလေးကိုကွယ်ထားတဲ့ချုံပုတ်ထူထူတို့ကိုဖယ်ရှားမယ့်ရိပေါ်လက်တွေကရင်ခုန်နှုန်းတို့ကြောင့်သိသိသာသာတုန်ယင်နေတယ်။

လက်နှစ်ဖက်နှင့်ချုံတို့ကိုဖယ်ပြီးချောင်းလေးရှိရာခြေထောက်တွေလှမ်းလှမ်းချင်းမြင်လိုက်ရတာကတုတ်တစ်ချောင်းနဲ့စမ်းချောင်းရေထိထားတဲ့မြေစိုစိုတွေပေါ်မှာပုံတွေထိုင်ရေးနေတဲ့ရှောင်းကျန့်။တစ်ပုံစံထဲပဲ.....ငယ်ငယ်ကအတိုင်းတစ်ပုံစံထဲပဲသူ့ကိုစောင့်နေခဲ့တာ။ရိပေါ်ရဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုရောယှက်နေတဲ့စိတ်အစဥ်ကြောင့်နှာခေါင်းထိပ်လေးတွေရဲပြီးမျက်ရည်တွေပါဝေ့နေပြီ။

"ကျန့်ကျန့်......"

တိုးတိတ်ညင်သာတဲ့ခေါ်သံလေးအဆုံးမှာရှောင်းကျန့်ကမျက်ရည်တွေအပြည့်နဲ့ပြုံးရယ်ပြီးလှည့်ကြည့်လာသည်။

"ပေါ်ပေါ်.....ကျန့်ကျန့်စောင့်နေတယ်နော်"

ရိပေါ်ကျလုဆဲဆဲမျက်ရည်တွေကိုစီးဆင်းခွင့်ပြုလိုက်ကာအံကိုကြိတ်ပြီးခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်သည်။

"ပေါ်ပေါ်လည်းကျန့်ကျန့်ဆီအရောက်ပြန်လာခဲ့ပြီနော်"

တုန်ယင်နေတဲ့စကားသံတွေအဆုံးရှောင်းကျန့်ကိုယ်လေးကိုရိပေါ်ကလေထဲပွေ့ယမ်းလိုက်ပြီးရင်ခွင်ထဲနစ်နေအောင်ဖက်ထားလိုက်သည်။

My Ugly Boy(completed)Where stories live. Discover now