Part10

9K 885 29
                                    

Unicode

ရှောင်းကျန့်ပြတင်းပေါက်ကလိုက်ကာလေးကိုဆွဲဖယ်လိုက်တာကြောင့်ဆောင်းလေအေးအေးကမျက်နှာတစ်ဝိုက်တိုးဝှေ့ကျီစယ်လာတယ်။ရှောင်းကျန့်ရဲ့ကံတရားကြီးကလဲဒီလေ​ပြည်တွေလိုပဲသိပ်ကျီစယ်လွန်းတယ်။ပိုင်ဆိုင်ဖို့ဝေးစွဒီတိုင်းလေးငေးကြည့်ရုံနဲ့ကျေနပ်နှစ်သက်ခဲ့ရသူလေးကမကြာခင်အချိန်မှာရှောင်းကျန့်မပိုင်တဲ့ဆိုင်သူဖြစ်လာတော့မှာ။

တချို့လူတွေကဆိုကြတယ်လက်ထပ်စာချုပ်မှာလတ်မှတ်ထိုးလိုက်တာနဲ့အနှီလူသားနှစ်ယောက်ကတစ်ယောက်ဘဝကိုတစ်ယောက်အပိုင်စားရလိမ့်မယ်ပေါ့။ဟင့်အင်း.....ရှောင်းကျန့်အတွက်ကတော့အဲဒီစကားဟာပြက်လုံးသိပ်ကောင်းတဲ့ဟာသတစ်ခုလိုပဲ။ရှောင်းကျန့်နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်ရင်းအတွေးတွေကလွန်ခဲ့သောတစ်ပတ်ကဝမ်အိမ်တော်ဆီသို့.......

"ငြင်းလိုက်!"

"ဘာကိုလဲ"

ပါးကိုပြောမရသည့်ရိပေါ်ကရှောင်းကျန့်နဲ့အေးဆေးစကားပြောမည်ဟုဆိုကာသူ့အခန်းထဲကိုခေါ်လာသည်။အခန်းထဲရောက်ရောက်ချင်းပြောလာသည့်စကားကငြင်းဖို့တဲ့လား။

"မသိချင်ယောင်မဆောင်နဲ့ရှောင်းကျန့်။လက်ထပ်ဖို့ကိစ္စပေါ့။မင်းငြင်းလိုက်ရင်ပါးနဲ့မားလဲရှေ့ဆက်မှာမဟုတ်တော့ဘူး"

"ငါ.....ငါမငြင်းနိုင်ဘူး"

ဟုတ်တယ်....ရှောင်းကျန့်မငြင်းနိုင်ဘူး! မဟုတ်ဘူး.....မငြင်းချင်တာ။ဘဝမှာတစ်ခါလောက်တော့အတ္တကြီးချင်မိတယ်။ကိုယ်ချစ်ရတဲ့သူကိုပိုင်ဆိုင်ခွင့်ရတုန်းလေးပိုင်ဆိုင်ချင်မိတာရှောင်းကျန့်အမှားလား။ရူးမိုက်တယ်ပဲဆိုဆို.....သူတကယ်ရိပေါ်ကိုပိုင်ချင်တယ်။

"ဘာလို့လဲမင်းသိက္ခါအတွက်လား။အဲ့ဒီအတွက်ဆိုငါလူတိုင်းကိုလိုက်ရှင်းပြပေးနိုင်တယ်။မင်းမနစ်နာစေရဘူး။"

ရှောင်းကျန့်မျက်ရည်အဝိုင်းသားနှင့်ရိပေါ်မျက်နှာကိုမော့ကြည့်မိသည်။အခုသူ့ကိုမလိုချင်လို့တစ်နှစ်နေလို့စကားတစ်ခွန်း​မထွက်တဲ့ဝမ်သခင်လေးကလူတိုင်းကိုတောင်လိုက်ရှင်းပြဦးမှာတဲ့။ရှောင်းကျန့်ရေမင်းရှေ့ဆက်တိုးရင်ရူးမိုက်လွန်းရာမကျဘူးလား။ရိပေါ်ကမင်းကိုလက်မထပ်ရဘူးဆိုဘာမဆိုလုပ်မယ့်ပုံပဲ။ရှောင်းကျန့်အတွေးထဲမှာနောက်ဆုတ်နိုင်အောင်ရင့်ရင့်သီးသီး​ဆုံးမနေပေမယ့်တကယ်တကယ့်မှာတော့......

My Ugly Boy(completed)Where stories live. Discover now