Part3

10.5K 990 27
                                    

Unicode

"ဒါ...ဒါ...မင်းအိမ်လားရှောင်းကျန့်"

"ဟုတ်တယ်လေ"

မျက်စိရှေ့ကခြံဝန်းကြီးကိုကြည့်ပြီးမျက်လုံးလေးပြူးကာယွီပင်းကမေးလာသည်။မျက်လုံးနှစ်လုံးကိုပယ်ပယ်နယ်နယ်ပွတ်သပ်ရင်းတစ်ခေါက်ပြန်ကြည့်လိုက်သည်။သူအမြင်မမှားပါဒါကပေကျင်းမြို့ရဲ့ကျိကျိတက်"ဒါချမ်းသာတဲ့သူဌေးရပ်ကွက်ထဲရှိရှောင်းအိမ်တော်ပါ။ဒါဆိုရှောင်းကျန့်ကနှစ်ယောက်မရှိတဲ့Black wolfရဲ့ဆက်ခံသူရှောင်းသခင်လေးပေါ့။

ယွီပင်းကိုယ့်ရင်ဘတ်ကိုဖိကာဘုရားတမိသည်။ရှောင်းကျန့်နဲ့ရှောင်းအိမ်တော်ကပေါ့သေးသေးမှမဟုတ်တာ။Black wolfဆိုတဲ့နာမည်နဲ့စီးပွါးရေးလောကထဲမှာထိပ်ခေါင်ဖြစ်နေသည့်အချမ်းသာဆုံးနံပါတ်နှစ်အိမ်တော်ပင်။ဒါတင်မကအခုတက်နေတဲ့galaxy worldကလည်းရှောင်းသခင်ကြီးရဲ့ညီရှောင်ရှင်းချန်ပိုင်တာပင်။ရှောင်းသခင်ကြီးကစီးပွါးရေးဘက်မှာဘုရင်တစ်ပါးဖြစ်သလိုရှောင်းဒုတိယသခင်လေးကလည်းပညာရေးနယ်ပယ်မှာတော်တော်စိုးမိုးထားသည်။

ကြားထားတဲ့သတင်းစကားအရတော့တစ်ဦးတည်းသောသားလည်းဖြစ်၊တူလည်းဖြစ်သည့်ရှောင်းသခင်လေးကိုရှောင်းအိမ်တော်တစ်ခုလုံးကသဲသဲလှုပ်ချစ်ကြသည်ဟူ၍ပင်။ဒါပေမယ့်ဒီနေ့ကြည့်ရသလောက်ဘာလို့ရှောင်းကျန့်ပုံစံကအဆင့်အတန်းနိမ့်တဲ့ပုံစံမျိုးဖြစ်နေရတာလဲ။

"ယွီပင်း....ယွီပင်း!!!!"

"ဟမ်...ဟမ်...ဘာလဲ"

"ခေါ်နေတာကြာပြီ။ဘာတေတွေးနေလဲမသိဘူး။ကားကိုအထဲဝင်လိုက်။မင်းကိုပါးတို့မားတို့နဲ့မိတ်ဆက်ပေးမယ်"

"အင်း...အင်းပါ"

ကြောက်ကြောက်လန့်လန့်နဲ့ပင်ကားကိုရှောင်းအိမ်တော်အတွင်းသို့မောင်းဝင်လာရသည်။သူလန့်သင့်သည်မို့လားရှောင်းအိမ်တော်ကအရှိန်အဝါကြီးမားတဲ့နေရာတစ်ခုပဲဥစ္စာ။သို့သော်ခြံထဲဝင်သွားမှယွီပင်းရဲ့လက်ရှိအတွေးနဲ့တက်တက်စင်အောင်လွဲတော့သည်။

ခြံကြီးကတော်တော်ကျယ်ဝန်းသော်လည်းအခြားသောအိမ်တော်များကဲ့သို့ကြီးကျယ်ခမ်းနားမှုမျိုးမဟုတ်။ချစ်စရာကောင်းပြီးသာယာတဲ့ပန်းဥယျာဥ်လေးနှင့်ပင်တူသည်။ခြံရဲ့အလယ်တည့်တည့်မှာတည်ရှိနေပုံပေါ်သည့်နှစ်ထပ်အိမ်လေးကဂျပန်ကာတွန်းကားတွေထဲကအိမ်လေးအလား။ကားထားဖို့လုပ်ထားဟန်ခေါင်မိုးမိုးထားသည့်parkingလေးတွင်ကားထိုးခဲ့ကာတစ်ဖက်ရှိအိမ်တော်သို့ပန်းခြုံလေးတွေအလယ်မှလျှောက်လမ်းအတိုင်းသူငယ်ချင်းနှစ်ယောက်လျှောက်လာကြတော့သည်။တကယ်ပါခြံအဝင်ဝတံခါးကရှောင်းအိမ်တော်ဆိုသည့်စာတန်းကိုသာမတွေ့ခဲ့ရင်ဒီလောက်ချစ်စရာကောင်းသည့်နေရာလေးကစီးပွါးရေးလုပ်ငန်းရှင်ကြီးနေသည့်အိမ်ဆိုတာယွီပင်းယုံမှာမဟုတ်။

My Ugly Boy(completed)Where stories live. Discover now