Part5

9.3K 931 8
                                    

Unicode

"ဟယ်.....ဝမ်လေး!!"

ကျောပိုးအိတ်ကိုတရွတ်တိုက်ဆွဲကာပျင်းတိပျင်းရွဲနဲ့အိမ်ထဲဝင်လာသည့်ဝမ်ရိပေါ်ကိုထုံးစံမပျက်အိမ်တော်ထိန်းကြီးကကြိုဆိုဖို့လာပေမယ့်ရိပေါ်မျက်နှာကဒဏ်ရာဒဏ်ချက်တွေကိုတွေ့လိုက်တော့ပြာပန်းခတ်သွားသည်။

"ဘာလိုဖြစ်လာတာလဲဝမ်လေးရယ်မျက်နှာတစ်ခုလုံးလဲဖူးရောင်နေရောပဲ"

"အိမ်မှာဘယ်သူရှိလဲ"

မေးနေသည့်မေးခွန်းကိုမဖြေသည့်အပြင်သူကပါမေးခွန်းပြန်ထုတ်နေသည်။ဒါပေမယ့်ဒီမေးခွန်းကဟိုးငယ်ငယ်ထဲကဝမ်လေးရဲ့မူပိုင်မေးခွန်းပဲ။အင်း......မေးပုံချင်းတော့ကွာသွားတာပေါ့။အရင်က"ပေါ်ပေါ့်ပါးပါးနဲ့မားမားပြန်လာပြီလား"လို့တီတီတာတာလေးမေးတတ်ပြီးအခုတော့"အိမ်မှာဘယ်သူရှိလဲ"လို့အေးစက်စက်ပဲမေးခွန်းထုတ်လာတယ်။

"သခင်ကြီးကUSကရုံးခွဲမှာmeetingသွားထိုင်ပါတယ်။သခင်မကြီးကတော့လုပ်ငန်းရှင်တွေနဲ့dinnerရှိလို့သွားပါတယ်။"

အိမ်တော်ထိန်းကြီးရဲ့စကားအဆုံးရိပေါ်နှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။

"ဝမ်လေးထမင်းစားတော့မယ်ဆိုဦးလေးယန်ပြင်ခိုင်းလိုက်မယ်လေ"

"ဟင့်အင်း....မပြင်နဲ့တော့"

အိမ်မှာနေချင်စိတ်မရှိတော့၍ကျောပိုးအိတ်ဆွဲကာပင်ပြန်ထွက်လာတော့သည်။နောက်ကဦးလေးယန်ခေါ်သံကိုကြားပေမယ့်လှည့်မကြည့်ဖြစ်တော့။ဟုတ်တယ်လေ.....ပျော်ရွှင်မှုမရှိတဲ့အိမ်၊နွေးထွေးမှုမရှိတဲ့ထမင်းဝိုင်းမှာထိုင်ပြီးတိတ်ဆိတ်မှုတွေကြီးစိုးနေရတဲ့ဘဝမျိုးကိုသူတကယ်မနှစ်သက်ဘူး။အေးစက်တည်ငြိမ်အောင်လုပ်ယူထားလို့မေတ္တာတရားကိုမလိုအပ်တော့ဘူးလို့ထင်ရင်မှားမှာပေါ့။

လေနှင်ရာမောင်းနေတဲ့သူ့ရဲ့ဆိုင်ကယ်လေးကိုထွေးပိုက်ပေးထားတဲ့လေတံခွန်တွေလောက်တောင်သူတို့မိသားစုလေးကမနွေးထွေးတော့ဘူး။

              _________________________

"မား!!"

ညစာအတွက်ချက်ပြုတ်ပြင်ဆင်ပြီးတော့အိမ်ရှေ့ကျူးလစ်ပန်းတွေနားမှာအရင်နေ့ကအသစ်ဝယ်လာသည့်ပျိုးပင်လေးတွေကို​အိုးထဲပြောင်းစိုက်ဖို့လုပ်နေတုန်းအိမ်ပေါ်ကပြေးဆင်းလာကာလှမ်းခေါ်လာသည့်အားကျန့်။

My Ugly Boy(completed)Where stories live. Discover now