Part7

8.4K 855 36
                                    

Unicode

"အင့်.......ပါးပါးနဲ့မားမားမကောင်းဝူး။ဝမ်လေးကိုပစ်ထားတယ်......ဟင့်"

ပလုံ!

ဘေးနားကနောက်ထပ်ကျောက်စရစ်ခဲလှလှလေးတွေကိုကောက်ကာကြည်လင်နေတဲ့ချောင်းရေထဲသို့အဆက်မပြတ်ပစ်ပေါက်လိုက်တယ်။ရေထဲကငါးလေးတွေကတော့၆နှစ်အရွယ်ချာတိတ်လေးပစ်လိုက်တဲ့ခဲတွေကိုသိုင်းကွက်နင်းကာရှောင်နေရပြီ။

ချွတ်!

ငြိမ့်ငြိမ့်လေးစီးဆင်းနေတဲ့ချောင်းရေသံသာရှိသည့်ပတ်ဝန်းကျင်တွင်သစ်ကိုင်းခြောက်ကျိုးသံကပိုကျယ်နေသလို။အနောက်ဘက်ကိုအမြန်လှည့်ကြည့်လိုက်တော့ရိပေါ်တစ်ရပ်စာလောက်ရှိတဲ့ချုံပုတ်ကယိမ်းထိုးသွားသည်။

"ဘူ...ဘူသူလဲ"

သွေးကြောင်တတ်တဲ့သူမဟုတ်ပေမယ့်အခုမှ၆နှစ်ပဲရှိသေးတဲ့ကလေးလေကြောက်တော့ကြောက်တာပေါ့။ပါးပါးနဲ့မားမားကိုစိတ်ဆိုးပြီးဖိုးဖိုးတို့အိမ်ကထွက်လာတာကိုအကြီးကြီးနောင်တရမိတော့သည်။

"အဟင့်......ထွက်ရာနော်.....မကြောက်ဝူးမထင်နဲ့....!!!!!"

ရိပေါ်ကြောက်ကြောက်လန့်လန့်နဲ့ငိုကာအော်မိတော့သည်။ငိုလဲငိုလိုက်ရောချုံပုတ်ကြီးကပိုပြီးလှုပ်လှုပ်ရှားရှားဖြစ်လာကာ'ဝုန်း´ခနဲ

"အား!!!!!!မားမားရေကယ်ပါဦး"

လေးဘက်ထောက်ရောက်ထွက်ကျလာသောအရာကိုဖြတ်ခနဲမြင်လိုက်တာနဲ့မျက်နှာကိုလက်ဖဝါးသေးသေးလေးနဲ့အုပ်ကာကုန်းအော်လိုက်တော့သည်။

"ပေါ်ပေါ်......နာပါ"

စကားပြောသံကိုကြားလိုက်မှလက်ချောင်းလေးကိုဖြဲကာကြည့်လိုက်သည်။အခုရိပေါ်ရှေ့မှာရှိနေတာကဖိုးဖိုးအိမ်မှာတုန်းကတွေ့ခဲ့တဲ့ကောင်လေးပင်။ထိုအခါမှချောင်းတစ်ချက်ဟန့်ကာမတ်တပ်ရပ်လိုက်ပြီးလက်ကိုဟန်ပါပါပိုက်လိုက်သည်။

"အဟမ်း.....ဘာရာလုပ်တာရဲ"

"ဘိုးဘိုးကမံမံစားမယ်တဲ့ပေါ်ပေါ်"

"ဘာမံမံရဲ.....ထမင်းပါ။လူကြီးလိုပြော"

"အင်း....တမင်းစားမယ်တဲ့"

My Ugly Boy(completed)Where stories live. Discover now