Part 20

9.1K 783 20
                                    

Unicode

ဆုံဆည်းခြင်းမှတ်တိုင်တွေမှာ
စောင့်နေခဲ့တယ်။
မင်းများပြန်လာမလားဆိုတဲ့အသိတစ်ခုနဲ့။
____________________________
____________________________

"ဟယ်ဝမ်လေးဘယ်သွားမလို့လဲ"

ကားရပ်ရပ်ချင်းဆင်းပြေးသည့်ရိပေါ်ကြောင့်ဝမ်နမ်ချင်းလက်ကိုအမြန်လှမ်းဆွဲကာမေးလိုက်သည်။

"သားမပြန်ခင်နှစ်ရက်လောက်အလိုတုန်းကကျန့်ကျန့်ကိုဒီနေ့ပြန်လာမယ်လို့စာပို့ထားတယ်။အဲ့ဒါသူချောင်းစပ်မှာစောင့်နေလောက်ပြီ။"

"ခဏနားပါဦးလားသားရယ်"

"ဟင့်အင်းကျန့်ကျန့်အကြာကြီးစောင့်နေရလိမ့်မယ်။သွားတော့မယ်မား။"

လောလော လောလောနဲ့ထွက်သွားတဲ့ဝမ်လေးကိုကြည့်ပြီးသူမခေါင်းသာခါမိတော့သည်။ဝမ်လေးကအဲ့ဒီကလေးလေးကိုသိပ်ခင်တွယ်နေပြီပဲ။

ရိပေါ်...လက်ထဲကယုန်ရုပ်အသစ်စက်စက်လေးကိုပိုက်ကာချောင်းရှိရာသို့အပြေးတစ်ပိုင်းပဲထွက်လာခဲ့သည်။သူအရမ်းပဲကျန့်ကျန့်ကိုတွေ့ချင်နေပြီ။သူ မရှိတဲ့ရက်တွေမှာကျန့်ကျန့်အရင်ကထက်များပိန်သွားသလား၊ပိုပြီးတော့များဝလါမလား။မတွေ့ရတဲ့ရက်တွေမှာအရမ်းများချစ်ဖို့ကောင်းနေပြီလား။သူမရှိလို့ဆိုပြီးရွာထဲကကလေးတွေကများအနိုင်ကျင့်သေးလား။အမျိုးမျိုးသောခံစားချက်အစုံစုံနဲ့ချောင်းဆီရောက်ဖို့ကြိုးတံတားလေးကိုဖြတ်နေတဲ့အချိန်သူ့ရင်တွေဟာတလှပ်လှပ်ခုန်လှုပ်နေတယ်။ချုံပုတ်တွေကိုဖယ်ရှားကာကစားနေကျနေရာလေးကိုရောက်လာတော့မျှော်လင့်တကြီးဖြစ်နေတဲ့ရိပေါ်ရဲ့စိတ်အစုံဟာညစ်နွမ်းသွားတယ်။သူ.......သူရှိမနေခဲ့ဘူး။

"ဟာကွာ!!ကျန့်ကျန့်ကတော့လေပေါ်ပေါ်မရှိတုန်းရွာကလူတွေလက်တိုလက်တောင်းခိုင်းသမျှလိုက်လုပ်နေပြန်ပြီလားမသိဘူး"

ရိပေါ်စိတ်ရှုပ်နေသလိုငြူစူလိုက်ကာထိုနေရာလေးမှာပဲထိုင်စောင့်နေလိုက်တယ်။'ကျန့်ကျန့်ကပေါ်ပေါ့်ပြန်အလာကိုဒီနေရာမှာသေချာပေါက်စောင့်နေပါ့မယ်´လို့ကတိပေးထားတာ။ကျန့်ကျန့်ကဘယ်တော့မှသူ့ကတိကိုမဖျက်ဘူး။အဲ့ဒါကိုရိပေါ်ယုံတယ်။

My Ugly Boy(completed)Where stories live. Discover now