Part9

8.1K 845 12
                                    

Unicode

"ဟိုမှာသူတို့ထွက်လာကြပြီ!!!"

ရှောင်းကျန့်တို့နဲ့မျက်နှာချင်းဆိုင်ကဝဝဖိုင့်ဖိုင့်သတင်းထောက်ကပြဲလန်နေအောင်အော်လိုက်သည်။ရှောင်းကျန့်ရောရိပေါ်ပါရုတ်တရတ်ကြောင်သွားကာရှောင်းကျန့်ဆိုအနောက်တောင်လှည့်ကြည့်မိတဲ့အထိ။သူတို့စောင့်နေတဲ့ဆယ်လီကမတော်လို့ကိုယ့်Idolဖြစ်နေခဲ့ရင်ကြုံတုန်းလေးမြင်ဘူးချင်တဲ့စိတ်နဲ့။ဒါ.....ဒါပေမယ့်အဲ့ဒီအယောက်သုံးဆယ်လောက်ရှိတဲ့သတင်းထောက်အုပ်လိုက်ကြီးကရိပေါ်နဲ့ရှောင်းကျန့်ဆီတည့်တည့်ပြေးလာနေတာ။

ဝုန်းခနဲအနားရောက်လာပြီးကင်မရာတွေနဲ့တဖျတ်ဖျတ်ရိုက်ကာပြူးတူးပြဲတဲနဲ့မေးလာတဲ့စကားတွေက

"ဝမ်သခင်လေးတို့အခုထွက်နေတဲ့သတင်းကတကယ်အမှန်ပဲပေါ့"

"ဝမ်သခင်လေးချစ်သူကဘယ်မျိုးရိုးကဆင်းသက်လာသလဲဆိုတာသိခွင့်ရှိမလား"

"ချစ်သူကကောင်လေးဆိုတော့ဝမ်သခင်လေးကgayတစ်ယောက်လား"

"ချစ်ရသူနဲ့ပျော်ပါးဖို့လီgroupရဲ့ဈေးအကြီးဆုံးHotelတစ်ခုလုံးကိုတစ်ရက်တာငှါးခဲ့တယ်ဆိုတာအမှန်ပဲလား။"

နောက်ဆုံးသတင်းထောက်မေးလိုက်တဲ့စကားကရှောင်းကျန့်ကိုသာမကရိပေါ်ကိုပါမျက်လုံးပြူးစေသည်။ဒါဘယ်လိုအခြေအနေကြီးလဲ။သူတို့မေးတဲ့မေးခွန်းတွေကိုတစ်ခုမှမသိသလိုဘာပြန်ဖြေရမှန်းလဲမသိ။ရှောင်းကျန့်နှုတ်ဆိတ်ကာကြောင်တောင်တောင်လေးကြည့်နေမိပေမယ့်ရိပေါ်ကတော့သူ့ကိုလူတွေကြပ်သိပ်နေအောင်ဝိုင်းထားတာကြောင့်ပြောမပြတတ်အောင်ဒေါသတွေထွက်နေပြီ။

တစ်ယောက်နဲ့တစ်ယောက်သူ့ထက်ငါသတင်းရဖို့အရေးတိုးဝှေ့မေးကြရင်းနောက်ကလူတွေကဇွတ်တွန်းတိုက်လာတာကြောင့်ရှေ့ဆုံးကမေးနေတဲ့သူကလက်ချော်ကာရှောင်းကျန့်ပါးကိုဖုန်းနဲ့ပစ်ရိုက်လိုက်သလိုဖြစ်သွားသည်။အရှိန်အနည်းငယ်ပါသောကြောင့်နူးညံ့လွန်းလှတဲ့ပါးပြင်ကချက်ချင်းရဲတက်လာတော့သည်။ရှောင်းကျန့်ထိခိုက်တာကိုမြင်လိုက်တာနဲ့ဘေးကရိပေါ်ကဒေါသတွေဂိတ်ဆုံးရောက်ကာပေါက်ကွဲတော့သည်။

My Ugly Boy(completed)Onde histórias criam vida. Descubra agora