Part11

8.3K 882 19
                                    

Unicode

လက်ဖောင်းဖောင်းလေးတွေကိုနေရောင်စူးစူးရှေ့တွင်မြှောက်ကာကြည့်လိုက်တော့ဘယ်ဘက်လက်သကြွယ်ကကျောက်စိမ်းလက်စွပ်လေးကတောက်ပနေတယ်။

"ကြိုက်လားကျန့်ကျန့်"

ကျန့်ကျန့်ပေါင်ပေါ်မှာလှဲအိပ်နေတဲ့ရိပေါ်ကမော့ကြည့်ကာမေးလာသည်။သူ့ရဲ့လက်မှာလဲကျန့်ကျန့်နဲ့ပုံစံတူလက်စွပ်လေးရှိနေတယ်။

"အင်းကြိိုက်တယ်။ဒါမဲ့ပေါ်ပေါ့်ပိုက်ဆံတွေကုန်မာပေါ့"

ကျန်ကျန့်သိတာပေါ့ ပေါ်ပေါ်မှာဖိုးဖိုးတို့ပေးထားတဲ့မုန့်ဖိုးတွေအများကြီးရှိမှန်း။ကျန့်ကျန့်မစားဘူးတဲ့မုန့်တွေ၊ကစားစရာတွေ၊ကျန့်ကျန့်မျက်လုံးအကြည့်တစ်ချက်ရောက်မိတဲ့ဘယ်ပစ္စည်းကိုမဆိုပေါ်ပေါ်ကဝယ်ပေးတာ။အရင်တစ်ခါအတန်းထဲကကောင်မလေးတစ်ယောက်ကိုင်ထားတဲ့လက်တစ်ဝါးစာယုန်ရုပ်လေးကချစ်စရာကောင်းလို့ကိုင်ကြည့်မိတယ်။နောက်တစ်နေ့လဲရောက်ရောအဲ့ဒီယုန်ရုပ်နဲ့တစ်ပုံစံတည်းကိုမှကျန့်ကျန့်တစ်ရပ်စာလောက်ရှိတဲ့ယုန်ရုပ်ကြီးဝယ်ပေးလာသည်။

ပေါ်ပေါ်.....ကျန့်ကျန့်ကိုဂရုစိုက်၊အလိုလိုက်တာကိုသိပ်သဘောကျမိပေမယ့်.......အတန်းထဲကပိုင်လုတို့ကသူဌေးသားဆီမှာကပ်မြှောင်နေနေတဲ့အိမ်မြှောင်ကောင်ဆိုပြီးအမြဲပြောကြတယ်။ပေါ်ပေါ်ကကျန့်ကျန့်နဲ့ပဲခင်ပြီးတခြားသူတွေသူ့နားကပ်ရင်ညစ်ပတ်တဲ့သူတွေကိုမကြိုက်ဘူးဆိုပြီးငြင်းထုတ်တတ်တယ်။အဲ့ဒါကြောင့်လဲပေါ်ပေါ်နဲ့မခင်ရတဲ့သူတွေကကျန့်ကျန့်ကိုနောက်ကွယ်မှာအနိုင်ကျင့်ကြတယ်။

ဒါမဲ့ကျန့်ကျန့်အဲ့လိုတွေအနိုင်ကျင့်ခံရလို့ဆိုပြီးပေါ်ပေါ့်ကိုပစ်မသွားဘူး။ပေါ်ပေါ်ကပြောတယ်ဒီကမ္ဘာပေါ်မှာကျန့်ကျန့်ကိုအချစ်ဆုံးတဲ့၊ကျန့်ကျန့်ကပေါ်ပေါ့်အတွက်မရှိမဖြစ်ပဲတဲ့။မားမားကတောင်အလိုမရှိတဲ့ကျန့်ကျန့်ကိုပေါ်ပေါ်ကတော့မရှိမဖြစ်တဲ့လေ။အဲ့လိုလူမျိုးကိုကျန့်ကျန့်ကဘာလို့သူများတွေကြောင့်ထားသွားရမှာလဲ။

"ပေါ်ပေါ့်ပိုက်ဆံတွေအားလုံးကကျန့်ကျန့်အတွက်ပဲလေ"

အခုလည်းလက်စွပ်ဝတ်ထားတဲ့ကျန့်ကျန့်ရဲ့ဘယ်ဘက်လက်လေးကိုကိုင်ပြီးဖန်ဂေါ်လီလေးလိုတလပ်လက်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့ဆိုလာသည်။

My Ugly Boy(completed)Where stories live. Discover now