Part2

11.4K 1.1K 26
                                    

Unicode

"နိဟောင်ငါ့နာမည်ကယွီပင်းပါ"

အန်ကယ်လေးပြောသလိုလွှတ်တဲ့ခုံတစ်ခုမှာထိုင်လိုက်တော့ရှေ့တစ်ခုံကကောင်လေးကမိတ်ဆက်လာသည်။

"ငါကရှောင်းကျန့်"

"ငါတို့သူငယ်ချင်းဖြစ်လို့ရတယ်မို့လားဟင်"
မျက်ဝန်းတောက်တောက်တို့နှင့်မေးလာသောယွီပင်းကသူ့ကိုတကယ်ခင်ချင်နေပုံ။

"ငါ့ကိုဘယ်အိမ်တော်ကလဲဆိုတာမမေးတော့ဘူးလား"

ရှောင်းကျန့်.......အကြောင်းသိချင်၍သွေးတိုးစမ်းလိုက်သည်။

"ဟမ်...သူငယ်ချင်းလုပ်တာဘယ်အိမ်တော်ကဆိုတာတွေလိုလို့လား"

အူလည်လည်ပုံစံနဲ့ပြန်မေးလာတဲ့ယွီပင်းကရှောင်းကျန့်တွေ့နေကြတစ်ပြားနှစ်ပြားချမ်းသာတာကိုဆောင့်ကြွားကြွားမာန်တက်နေတဲ့သူဌေးသားလူမိုက်တွေနဲ့တော့အကွာကြီးကွာနေသည်။

"မဟုတ်ပါဘူးငါကဘယ်အဆင့်အတန်းမှန်းမသိပဲမင်းနဲ့သူငယ်ချင်းဖြစ်ရင်မင်းသိက္ခါကျမှာစိုးလို့ပါ"

"ဟာ...အဲ့ဒါတွေကလိုလို့လား။ထားပါ။ငါတို့သူငယ်ချင်းလုပ်ရအောင်"

ရှောင်းကျန့်လည်းဆက်မရစ်တော့ပါဘူး။ဘာပဲပြောပြောသူ့မှာလဲသူငယ်ချင်းလိုနေတာပဲမှတ်လား။

"အင်းသူငယ်ချင်းဖြစ်ကြတာပေါ့"

"နေ့လည်ကြရင်မင်းကိုG2ကသူငယ်ချင်းနဲ့ထပ်မိတ်ဆက်ပေးမယ်"

"ဟမ်....အင်း"

အတန်းပိုင်ရောက်လာတော့အချိန်ဇယားတွေဝေကာကျောင်းသားတွေအသီးသီးထမိတ်ဆက်ကြသည်။ဒါပေမယ့်ရှောင်းကျန့်နောက်ကHoddieခေါင်းစွပ်နှင့်မှောက်အိပ်နေသည့်တစ်ယောက်ကတော့ထမိတ်ဆက်ခြင်းမရှိသလိုဆရာကလည်းမမြင်သလိုသာထားသည်။ရှောင်းကျန့်တစ်ခုတော့တွေးမိသည်။galaxy worldလိုစည်းကမ်းတင်းကြပ်ပြီးကျော်ကြားသည့်ကျောင်းမှာလည်းဒီလိုအဆိုးအသွမ်းလေးတွေရှိသလားဟုပင်။

"ရှောင်းကျန့်နေ့လည်စာသွားစားရအောင်"

"အင်းသွားကြမယ်လေ"

My Ugly Boy(completed)Место, где живут истории. Откройте их для себя