Part 23

9.3K 843 62
                                    

Unicode

ရှောင်းကျန့်Happy Anniversaryဆိုတဲ့လေဖောင်းစာလုံးတွေကိုလေထိုးတံနဲ့ဖောင်းကားနေအောင်ထိုးလိုက်သည်။ပူဖောင်းတွေကိုလည်းဆံပင်နဲ့ပွတ်ကာမျက်နှာကျက်ပေါ်တင်လွှတ်လိုက်သည်။လတ်လတ်ဆတ်ဆတ်ခြွေထားတဲ့နှင်းဆီနီပွင့်ဖတ်လေးတွေကိုအိမ်တံခါးဝမှာဧည့်ခန်းတစ်လျှောက်လှလှပပဖြန့်ဖြူးကာအလှဆင်သည်။

၃ရက်လောက်သေချာလေ့ကျင့်ယူထားတဲ့အမဲသားSteakလေးကဒီနေ့တော့အဖြူရောင်ပန်းကန်နှစ်ချပ်မှာကြည့်ပျော်နေပြီ။အပြာရောင်စားပွဲခင်းပေါ်ရှိပန်းအိုးသေးသေးလေးထဲကိုတော့ပန်းနုရောင်နှင်းဆီတစ်ပွင့်ထိုးလိုက်သည်။အရင်ရက်ကမှပြင်သစ်ကတိုက်ရိုက်မှာထားတဲ့ဝိုင်ကိုလည်းဝိုင်ခွက်နှစ်ခွက်နှင့်အတူစာပွဲပေါ်ပဲတင်ထားလိုက်သည်။

"အာ...ငါအရေးကြီးဆုံးနှစ်ယောက်ကိုမေ့တော့မလို့"

ရှောင်းကျန့်လက်ညှိုးလေးတစ်ချောင်းထောင်ကာသတိရသွားဟန်ပါးစပ်လေးဟလျက်အပေါ်ထပ်အခန်းသို့ပြေးတက်ရသည်။ကုတင်ဘေးကဆိုဖာပေါ်မှာအခန်းသားနေရာယူထားတဲ့Bunnyနဲ့ရိပေါ်ရဲ့ယုန်ရုပ်လေးကိုတစ်ဖက်စီထွေးပိုက်ကာအပြုံးလေးနှင့်ကြည့်လိုက်သည်။

"ဖေကြီးတို့Anniversaryကိုငါ့သားတို့နှစ်ယောက်မပါပဲကျင်းပစရာလား.....မင်းလေးတို့နှစ်ကောင်ကအဓိကပဲ.....ကဲ!!ဖေကြီးတို့Anniကိုတူတူဖြတ်သန်းကြစို့!!"

ယုန်ရုပ်နှစ်ရုပ်ကိုဖင်ပုတ်လိုက်ခေါင်းပုတ်လိုက်နဲ့အောက်ကိုခေါ်လာတဲ့ရှောင်းကျန့်ကဧည့်ခန်းထဲအရောက်...မဖိတ်ခေါ်ပဲရောက်နေတဲ့ဧည့်သည်ကြောင့်စိတ်အလိုမကျချင်တော့။ရိုးရိုးရောက်လာရုံမကရှောင်းကျန့်ခင်းထားတဲ့နှင်းဆီပွင့်ဖတ်တွေကိုဒေါက်ဖိနပ်ထူထူအောက်ဖိကြိတ်လျှောက်ထားပုံ​...ခုဏကလန်းဆန်းနေတဲ့ပွင့်ဖတ်လေးတွေကအခုတော့အညိုရောင်ပြောင်းနေပြီ။

"ဆူမီနာ!!!!"

"Oh!!နင်ပဲလား.........ရိပေါ်ရော"

"မင်း...သူများအိမ်ထဲဒီလိုလူမသိသူမသိခိုးကြောင်ခိုးဝှက်ဝင်နေကြလား"

"သူများအိမ်မှမဟုတ်ပဲ....ရိပေါ်အိမ်။ရိပေါ်နဲ့တို့နဲ့ကငယ်သူငယ်ချင်း.....တစ်ချိန်မှာဒီအိမ်ကတို့အပိုင်ဖြစ်ချင်လည်းဖြစ်လာမှာဘယ်အရာမှပြောမရဘူး!!"

My Ugly Boy(completed)Onde histórias criam vida. Descubra agora