Part 28

8.9K 769 20
                                    

Unicode

"ရောက်လာပြီလားရှောင်းသခင်လေး"

"ဟုတ်ကဲ့"

"ဒီနေ့ကနောက်ဆုံးစမ်းသပ်ခြင်းပါပဲ"

"ကျွန်တော်အကုန်နီးပါးကိုမှတ်မိနေပါပြီ....ဒီနေ့ပြီးရင်တော့အားလုံးကိုပြန်မှတ်မိပြီ"

"ဟုတ်တာပေါ့...အသင့်ဖြစ်ပြီလားရှောင်းသခင်လေး"

ရှောင်းကျန့်ခေါင်းငြိမ့်ပြကာစမ်းသပ်ခုံပေါ်မှာအသင့်လဲလျောင်းလိုက်သည်။ရှောင်းကျန့်အခုရောက်နေတာကpsychologyမှာပါရဂူဖွဲ့ရထားတဲ့ဆရာဝန်ကြီးတစ်ယောက်ရဲ့ဆေးခန်း။ရှောင်းကျန့်ဒီဆေးခန်းမှာပြနေတာတော်တော်ကြာပြီ။ရိပေါ်ရဲ့အိမ်ကထွက်လာပြီးတိုက်ခန်းတစ်ခုမှာငှါးနေကတည်းကလို့ပြောရမည်။

ရိပေါ်ဆီကထွက်လာတော့ညတိုင်းအိပ်မက်ဆိုးတွေမက်တယ်။အိပ်မက်တိုင်းမှာရိပေါ်ကငိုနေတယ်။ဒါပေမယ့်အခုအသက်အရွယ်မှာမဟုတ်ဘူးခန့်မှန်းကြည့်ရသလောက်၉နှစ်အရွယ်ဖြစ်မယ်။နေ့တိုင်းရိပေါ်ငိုနေတာကိုမက်တယ်၊တစ်နေ့ပြီးတစ်နေ့အိပ်မက်တွေမှာအသက်သာကြီးလာတယ်ရိပေါ်ကအငိုမရပ်ခဲ့ဘူး။

ငယ်ငယ်ထဲကမက်ခဲ့တဲ့အိပ်မက်တွေရဲ့အဖြေကိုလည်းအရင်ထဲကသိချင်နေခဲ့တာမို့ရှောင်းကျန့်psychologyဆရာဝန်နဲ့ပြကြည့်လိုက်တာ။အခုတော့တော်တော်များများကိုမှတ်မိနေပြီ။သူ့ကိုအိမ်တော်ထိန်းလုံကမားမားအတွက်ခိုးခဲ့တာကနေရိပေါ်နဲ့တွေ့ခဲ့တာတွေအထိ။ဒါပေမယ့်ရိပေါ်နဲ့ကွဲသွားတဲ့အကြောင်းပြချက်ကိုတော့ရှောင်းကျန့်အခုထိမသိရသေးဘူး။

"မျက်လုံးလေးမှိတ်လိုက်ပါရှောင်းသခင်လေး"

ဆရာဝန်ကြီးရဲ့စကားကြောင့်ရှောင်းကျန့်မျက်လုံးတွေကိုညင်ညင်သာသာပဲပိတ်လိုက်သည်။

"အခုသခင်လေးစိတ်ကငှက်မွှေးလေးလိုပေါ့ပါးနေပြီ.....တဖြည်းဖြည်းလေဟာနယ်ထဲကိုရောက်သွားပြီ"

မျက်လုံးမှိတ်ထားတဲ့ရှောင်းကျန့်ကစိတ်သက်သာရာရသလိုမျက်နှာအနေအထားရှိသွားတာကြောင့်ဆရာဝန်ကြီးဆက်ပြောလိုက်သည်။

My Ugly Boy(completed)Opowieści tętniące życiem. Odkryj je teraz