Part8

8.3K 862 14
                                    

Unicode

စာစစ်နေတဲ့လက်တွေကချီတုံချတုံနဲ့ကတုန်ကယင်တွေဖြစ်လို့ရှောင်းကျန့်အခုချိန်ထိဘာလုပ်ရမှန်းမသိသေး။မျက်စိရှေ့ကကျောပြင်လေးကတော့ဘာမှမသိသေးသူပီပီအေးချမ်းစွာစာဖြေနေတုန်း။ဒီနေ့ကစာမေးပွဲနောက်ဆုံးနေ့။ရှောင်းကျန့်ကျောင်းရောက်ထဲကရိပေါ်ကိုအရင်ဆုံးရှာကာအရိပ်တကြည့်ကြည့်ကြည့်နေသည့်မှာအခုစာဖြေချိန်ပြီးဖို့၁၀မိနစ်လောက်အလိုထိ။

လီဟန်တို့အဖွဲ့ကဒီနေ့အတွက်တစ်ခုခုတော့သေချာပေါက်စီစဥ်ထားမှာသေချာတယ်။ခက်တာကအဲ့ဒီအစီအစဥ်ကိုရှောင်းကျန့်မသိတာပဲ။ဒီကြားထဲယွီပင်းနဲ့ကျိုးချန်တို့ကိုအကူအညီတောင်းကြည့်ဖို့လုပ်ပေမယ့်ကိုယ့်သူငယ်ချင်းတွေကိုမဆီမဆိုင်နဲ့ဒီပြဿနာထဲဆွဲသွင်းရအောင်ထိရှောင်းကျန့်မလုပ်ချင်။

ရိုးရိုးကျောင်းတွင်းလူမိုက်တွေပဲဆိုရှောင်းကျန့်မမှုပေမယ့်အခုတလောစုံစမ်းကြည့်မှသိလာတာကလီဟန်တို့အဖွဲ့နဲ့clubမှာရန်ဖြစ်မိတဲ့ကောင်လေးကိုပညာပေးလိုက်ကြတာခြေထောက်ကျိုးသွားပြီးအခုဆိုလုံးဝလမ်းပြန်မလျှောက်နိုင်တော့ဘူးဆိုပဲ။သူများကဘဝတစ်ခုလုံးနီးပါးဆုံးရှုံးသွားပေမယ့်သူတို့ကတော့ဘာသိဘာသာမိဘအရှိန်အဝါနဲ့ပိုက်ဆံတွေသုံးပြီးမျက်နှာပြောင်တိုက်လိုက်ကြသည်။

ရိပေါ်တို့ကချမ်းသာလို့ရိပေါ်အကယ်လို့တစ်ခုခုဖြစ်သွားတောင်လီဟန်တို့ကိုအေးဆေးဂျေးအောင်းရအောင်လုပ်နိုင်ပေမယ့်........ဟင့်အင်း......အဲ့ဒီတစ်ခုခုဆိုတာကိုရှောင်းကျန့်ဖြစ်ခွင့်မပေးနိုင်ဘူး။ရိပေါ်ထိခိုက်နာကျင်ရမယ့်အရာမျိုးသေးသေးလေးတောင်ခွင့်မပြုနိုင်ဘူး။

စာကိုသေချာစစ်ပြီးသွားမှဆရာမဆီစာရွက်အပ်ခဲ့ကာအရင်ထွက်နှင့်လိုက်သည်။

"ရှောင်းကျန့်သွားမယ်လေ။ဒီနေ့တေ့ာဘာဂါနဲ့ရေခဲမုန့်သွားစားမယ်။"

စာမေးပွဲပြီးတော့တက်ကြွနေတဲ့ယွီပင်းကသူ့ရဲ့ထုံးစံအတိုင်းအစားအသောက်သွားစားဖို့ပြောလာသည်။

"အာ.....ယွီပင်းဒီနေ့တော့ငါမလိုက်တော့ဘူးကွာ။သွားစရာလေးရှိလို့နောက်ရက်ကျမှအပြင်သွားဖို့ချိန်းကြတော့ပေါ့။"

My Ugly Boy(completed)Where stories live. Discover now