Part 16

8.4K 850 52
                                    

Unicode

ဖြန်း!.......ဖြန်း!......ဖြန်း!.......

"မားမားရေကျန့်ကျန့်ကိုမရိုက်ပါနဲ့တော့ကျန့်ကျန့်ကြောက်ပါပြီ!!!!"

"ငါ့သားရော.....ငါ့သားကိုနင်ဘယ်မှာဖွက်ထားတာလဲ.....ဟမ်!!!"

"ကျန့်.......ကျန့်ကျန့်ကမားမားသားလေ"

"ဟဲ့ကလေးဘာတွေလျှောက်ပြောနေတာတုန်း........တော်စမ်း!!!ငါ့သားကိုခေါ်ပေးနော်မဟုတ်လို့ကတော့နင့်ကိုသေအောင်ရိုက်ပစ်မယ်"

ဖြန်း!.......ဖြန်း!......ဖြန်း!.......

အရှိုးရာတွေထင်ကာနီရဲနေတဲ့ခြေသလုံးသေးသေးတွေပေါ်ကြိမ်လုံးပါးပါးကထပ်ရောက်လာတော့အရေခွံတွေစုတ်ပြဲသွားကာသွေးတွေကတစက်စက်ကျလာတယ်။ရုန်းပြီးထွက်ပြေးရအောင်လည်းတိုင်ကိုဖက်ခိုင်းပြီးကြိုးနဲ့ချည်ထားတာကြောင့်လှုပ်လို့တောင်မရ။

'ပါးနဲ့မားရေကျန့်ကျန့်ကိုလာခေါ်လှည့်ပါတော့ကျန့်ကျန့်ဒီမားမားကိုကြောက်လှပြီ!!!´

"နင်ပြောစမ်း.....နင်ပြောငါ့သားဘယ်မှာလဲ!!အား!!!!!"

"အဟင့်.....ကျန့်ကျန့်မသိဘူး။ကျန့်ကျန့်ကမားမားသားပါ......အ့!အ့!နာတယ်မားမား.....ကျန့်ကျန့်ဆံပင်ကိုမဆွဲပါနဲ့......အား!!"

စိတ်မနှံ့တဲ့မားမားကစိတ်အ​ခြအနေဆိုးဝါးတိုင်းကျန့်ကျန့်ကိုရိုက်နှက်ပြီးသူ့သားကိုမေးတတ်တယ်။အခုလည်းစိတ်ဖောက်ပြန်နေတာတော်တော်ဆိုးတဲ့အတိုင်းအတာရောက်နေပြီ။ဆံပင်ကိုအုံလိုက်နောက်ကဆွဲထားတာကြောင့်တစ်ခေါင်းလုံးကျိန်းစပ်လာပြီးခေါင်းကြီးပြုတ်ထွက်တော့မလိုပင်ခံစားရသည်။ဒီတိုင်းသာဆက်ဆွဲခံနေရမယ်ဆိုသူခေါင်းတွေနာလွန်းလို့သေသွားတော့မယ်။အသက်ရှုလို့မရတော့ဘူးမျက်လုံးတွေမှိတ်ချင်လာပြီ။ငိုထားရလို့ဖောင်းကားနေတဲ့မျက်ခွံလေးကမှိတ်မကျသွားခင်ကြားလိုက်ရတာကစကားလေးတစ်ခွန်း။

"ကျန့်ကျန့်ကိုလွှတ်လိုက်!!!!!!"

                 _______________________

"အား!!!!!!!!!!"

"ရှောင်းကျန့်.....ရှောင်းကျန့်ဘာဖြစ်တာလဲ"

My Ugly Boy(completed)Where stories live. Discover now