Part 22

8.8K 807 18
                                    

Unicode

"လွှတ်!!!!!!အခုလွှတ်ပေး!!!!"

"သား..စိတ်ကိုငြိမ်ငြိမ်ထားနော်!!"

ဆွဲထားတဲ့ဆေးရုံဝန်ထမ်းတွေကိုအတင်းကန်ကျောက်ပြီးဆေးပိုက်တွေလည်းနင်းကန်ဖြုတ်နေတဲ့ရိပေါ်ကြောင့်ဝမ်နမ်ချင်းဘာလုပ်ရမှန်းမသိတော့။ဟိုကလေးလေးဆုံးပြီးတဲ့နောက်တစ်နေ့မှာပဲဝမ်လေးရဲ့စိတ်အခြေအနေဟာတော်တော်ဆိုးဝါးသွားတာကြောင့်အမေရိကားဆေးရုံသို့အမြန်ပင်ခေါ်ဆောင်ပြီးကုသပါသော်လည်းရေမြေခြားကိုခေါ်လာတာပိုဆိုးသွားသည်။

"ကျန့်ကျန့်စောင့်နေတယ်။ကျွန်တော်သိတယ်...သူသေချာပေါက်စောင့်နေတာ။လွှတ်ပေးကြပါ....တောင်းပန်ပါတယ်!!!"

"ဝမ်လေး.....စိတ်လျှော့လိုက်ပါနော်။ကျန့်လေးကမရှိတော့ဘူးလေ"

"အား!!!!!မဟုတ်ဘူး။သူကျွန်တော်ကိုစောင့်နေတယ်။"

"လက်ခံလိုက်စမ်းပါ။သူဆုံးသွားပြီသားရဲ့!!!!!!!"

အသံကိုနည်းနည်းမာလိုက်ကာလက်မောင်းကိုခပ်ကြမ်းကြမ်းလှုပ်ဆွဲပြီးနမ်ချင်းအားမလိုအားမရပြောမိသွားသည်။

"ဟင့်အင်း!!!မဟုတ်ဘူး။မဖြစ်နိုင်ဘူး။မားညာနေတာ။မား....မားကြောင့်!!မားသာကျွန်တော့်ကိုပေကျင်းပြန်ခေါ်မလာရင်သူဘေးမှာကျွန်တော်ရှိနေနိုင်မှာ။အား!!!!မားကိုမုန်းတယ်"

"သား....ဝမ်လေး"

"မထိနဲ့!!ကျွန်တော့်ကိုမထိနဲ့!!"

ဝမ်နမ်ချင်းသွေးရူးသွေးတန်းဖြစ်နေတဲ့သားကိုရှင်းပြဖို့လုပ်ပေမယ့်ချက်ချင်းပင်ရုန်းထွက်ကာအခန်းရဲ့ထောင့်လေးမှာကုပ်ကုပ်လေးထိုင်ပြီးနားနှစ်ဖက်ကိုလက်နှင့်အုပ်ထားကာငိုကြွေးနေပြန်သည်။ခြေတွေလက်တွေလည်းတုန်ယင်နေကာမျက်ဝန်းအိမ်တို့ကလည်းဟိုရောက်လိုက်ဒီရောက်လိုက်နဲ့။သားကိုသူမဘယ်လိုရှင်းပြရမလဲသူမရဲ့အဖြူရောင်အတ္တတွေအကြောင်းကို။

"မကြားချင်ဘူး!!!မပြောကြပါနဲ့။ဘယ်သူ့အသံမှမကြားချင်ဘူး။"

ချွေးစေးတွေပြန်နေရာကနေရုတ်တရတ်တည်ငြိမ်သွားသောရိပေါ်ရဲ့မျက်လုံးအစုံက..ကျန်ကျန့်ကိုပေးဖို့ရည်ရွယ်ထားတဲ့ကုတင်ပေါ်ကယုန်ရုပ်လေးဆီသို့။ကောက်ခါငင်ခါထကာယုန်ရုပ်လေးကိုပိုက်ပြီးချောင်လေးမှာပြန်သွားထိုင်လိုက်သည်။ခုနကသောင်းကျန်းနေသောမျက်နှာနှင့်မတူစွာရိပေါ်နူးနူးညံ့ညံ့လေးပြုံးကာယုန်လေးကိုကြည့်ပြီး....

My Ugly Boy(completed)Where stories live. Discover now