Part 26

10.8K 860 44
                                    

Unicode

"ဒီနေ့ရဲ့အထူးသတင်းကတော့တရုတ်နိုင်ငံရဲ့Top 1 Blue dragon groupရဲ့CEOဝမ်ရိပေါ်ဟာဆေးရုံမှာအရေးပေါ်အခြေအနေနဲ့အတွင်းလူနာအဖြစ်တက်ရောက်နေရတယ်လို့သိရှိရပါတယ်။အကြမ်းဖျင်းအားဖြင့်အိပ်ဆေးတွေအလွန်အကျွံသောက်လိုက်လို့ဖြစ်ပြီးအခုလက်ရှိအခြေအနေကိုတော့ထုတ်ဖော်ပြသခြင်းမရှိခဲ့ပါဘူး"

"လူလေး.....လူလေးဒါယူမှာလားကွဲ့"

"အော်....ဟုတ်....ဟုတ်ကဲ့ဗျ"

Mini storeထဲရှိTVမှလာနေသည့်သတင်းကရှောင်းကျန့်နှလုံးသားကိုမီးနဲ့မြှိုက်နေသလို။မောင်ဘာတွေဖြစ်နေတာလဲ။မောင့်ကိုစွန့်လွှတ်ခဲ့တာပျော်ရွှင်စေချင်လို့လေ၊အခုတော့အိပ်ဆေးတွေသောက်ပြီးအတွင်းလူနာဖြစ်နေတာတဲ့လား။မဖြစ်ဘူး....မောင်သူ့ကိုမမြင်ချင်ဘူးဆိုရင်တောင်မောင့်ကိုစိတ်ပူတာမို့အခြေအနေသိရအောင်သွားကြည့်ရမယ်။ဝယ်ထားတဲ့ထမင်းလိပ်နဲ့ပဲနို့ဘူးအတွက်ငွေချေလိုက်ကာမောင်တက်နေတဲ့ဆေးရုံသို့တက္ကစီငှါးပြီးအမြန်သွားရတော့သည်။

Blue Dragonအပိုင်ဆေးရုံရှေ့ကိုတက္ကစီလေးဆိုက်ရောက်လာတော့ရှောင်းကျန့်ပိုက်ဆံရှင်းပြီးဆေးရုံဝန်းထဲသို့ပြေးဝင်ရတော့သည်။

"ဒီမှာဝမ်သခင်လေးတက်နေတဲ့အခန်းကိုသိချင်လို့"

"ဟို....အပြင်လူတွေကိုပြောပြလို့မရပါဘူးရှင့်"

"ဒီမှာငါကသူ့ယောကျ်ားရှောင်းသခင်လေး!!!"

"ရှင်!!"

မအူမလည်နဲ့သူနာပြုမလေးကြောင့်ရှောင်းကျန့်ဖိဟောက်လိုက်သည်။သေချာတယ်ဒီတစ်ယောက်ကအသစ်ခန့်ထားတာပဲဖြစ်မည်။သူ့ကိုBlue Dragonကဘယ်ဝန်ထမ်းမဆိုသိကြသည်။အနားကိုထပ်ရောက်လာတဲ့သူနာပြုမလေးတစ်ယောင်ကရှောင်းကျန့်ကိုခေါင်းညွှတ်အရိုအသေပေးလာသည်။

"မင်္ဂလာပါရှောင်းသခင်လေး"

"ရိပေါ်ဘယ်အခန်းမှာလဲ"

"၁၁ထပ်မြောက်ကVIPအခန်းပါ"

၁၁ထပ်မြောက်မှာဝမ်အိမ်တော်အတွက်သီးသန့်VIPတစ်ခန်းထဲရှိတာမို့အခုရိပေါ်လည်းအဲ့မှာပဲဖြစ်မည့်ပုံပေါ်သည်။

My Ugly Boy(completed)Where stories live. Discover now