Part13

8.1K 832 12
                                    

Unicode

"မား!!!!ဝမ်လေးမလိုက်ဘူးနော်"

ဝမ်နမ်ချင်းအတင်းဆွဲခေါ်နေသော်လည်းရိပေါ်ကတော့​ခြေထောက်ကိုမြေကြီးအားကုတ်ပြီးရုန်းကန်နေသည်။

"ဝမ်လေး!မဆိုးစမ်းနဲ့"

"အကြာကြီးပစ်ထားပြီးမှဘာလို့လာခေါ်နေတာလဲ!!!!!"

"ဝမ်လေးအကြောင်းတွေကိုမားသိသွားလို့ပေါ့"

"ကျွန်တော်လုံးဝပြန်မလိုက်နိုင်ဘူး!!!"

"ဘယ်လို??ကျွန်တော်တဲ့လား။အခုမားကိုယ်တောင်အဲ့လိုစိမ်းစိမ်းကားကားပြောတတ်နေပြီပေါ့"

"ဘယ်သူတွေကအရင်စိမ်းကားတာလဲ"

တခွန်းမကျန်ပြန်ပြောလာတဲ့ဝမ်လေးကြောင့်နမ်ချင်းသွေးတက်နေရပြီ။ဒီကလေးဘယ်တုန်းကဒီလောက်ဆိုးသွားတာလဲ။စီးပွါးရေးလောကထဲဝင်ခါစတတ်သစ်စCompanyလေးမို့အောင်မြင်အောင်ကြိုးစားရုန်းကန်နေရလို့သားကိုပါးတို့နေရပ်ကိုပို့ထားမိတာသူမမှားပြီထင်တယ်။ဒါကလဲတချိန်မှာသူမတို့မိသားစုလေးကောင်းကောင်းမွန်မွန်နေရရေးနဲ့သားလေးတင့်တောင်းတင့်တယ်ဖြစ်ဖို့လေ။ငယ်ရွယ်တုန်းပိုက်ဆံနောက်လိုက်ထားမှအချိန်တစ်ခုရောက်ရင်ပိုက်ဆံကကိုယ့်နောက်လိုက်နေမှာ။ဘယ်မအေကရောသားသမီးနဲ့ခွဲချင်ပါ့မလဲ။

"ဟုတ်ပြီအခုကစပြီးမားတို့ကသားကိုပစ်မထားတော့ဘူး။အတူတူနေရအောင်ပြန်လာခေါ်တာလေ"

"ဟင့်အင်း.....မလိုက်နိုင်ဘူး။ကျွန်တော်သူရှိတဲ့အရပ်မှာပဲနေချင်တယ်။ပစ်ထားလက်စနဲ့ဆက်ပြီးသာပစ်ထားပေးလိုက်ပါ"

၈နှစ်အရွယ်ဝမ်လေးရဲ့ခေါင်းမာမှုကိုသူမတကယ်လက်ရောခြေပါလန်သည်။

"သားရယ်သားကအသက်ငယ်သေးတယ်။ဒါကမဖြစ်သင့်သေးဘူးလေ"

"တစ်နေ့ကြီးလာမှာပေါ့။ပြီးတော့ကျွန်တော်ကငယ်သေးပင်မယ့်သူကိုတော့ကောင်းကောင်းကာကွယ်နိုင်တယ်"

နမ်ချင်းသူမနားထင်ကိုခပ်နာနာဖိနှိပ်ထားမိသည်။အခုသူ့ရှေ့ကအကောင်ပေါက်က၈နှစ်သားလား၁၈နှစ်သားလဲမသဲကွဲချင်တော့။မရဘူး.....သူမဘယ်လိုနည်းနဲ့မှခွင်မပြုနိုင်ဘူး။

My Ugly Boy(completed)Where stories live. Discover now