Part 21

8.6K 827 30
                                    

Unicode

ဂျူတီကုတ်တွေနဲ့ပြာပန်းခတ်သွားလာနေတဲ့ဆရာဝန်တွေကဒီနေ့မှBlack wolf hospitalမှာပိုပြီးများနေသလို။ထိုအချိန်ဆေးရုံရှေ့သို့လူနာတင်ယာဥ်တစ်စီးဆိုက်ရောက်လာပြီးလူနာတင်ယာဥ်ပေါ်ကတဆင့်တွန်းလာတဲ့stretcherတစ်ခုကြောင့်ဆေးရုံအုပ်ကိုယ်တိုင်ပါလှုပ်လှုပ်ရှားရှားတွေဖြစ်ကုန်တော့သည်။

"အားလုံးဖယ်ပေးကြပါအရေးပေါ်!!!"

ဆရာဝန်ကြီးတွေတစ်ယောက်မကျန်ခွဲစိတ်ခန်းထဲဝင်သွားတဲ့stretcherနောက်ကိုလိုက်ရပြီးဝမ်းနည်းတကြီးငိုကြွေးနေတဲ့လူနာရှင်လင်မယားနှစ်ယောက်ကတော့ပိတ်ကျသွားတဲ့ခွဲစိတ်ခန်းတံခါးရှေ့မှာကျန်ခဲ့တော့သည်။

"ကို.....သားလေးဘာမှမဖြစ်လောက်ပါဘူးနော်။ဟုတ်တယ်မလားကို"

"ကိုတို့ဆေးရုံကဆရာဝန်တွေကအကုန်ပါရဂူတွေချည်းပဲလေ။သားလေးဘာမှဖြစ်မှာမဟုတ်ပါဘူးယွဲ့ရယ်။စိတ်ချနော်"

"အားကျန့်လေးကိုအခုမှပြန်တွေ့တာလေ။ဘာလို့ဒီလိုဖြစ်ရတာလဲ"

ထိုင်ခုံပေါ်ကျုံ့ကျုံ့လေးထိုင်ကာငိုနေတဲ့မေယွဲ့ကိုရှောင်းသခင်ကြီးကဖွဖွဖက်ကာနှစ်သိမ့်ပေးလိုက်သည်။၃နှစ်ကျော်ကြာပျောက်နေတဲ့သားလေးကိုရူးမတတ်ရှာဖွေခဲ့ပင်မယ့်လဲဘယ်နေရာမှအစအနရှာမတွေ့ခဲ့။ဘယ်သူကထင်ထားမှာလည်းအယုံကြည်ရဆုံးနဲ့အနီးဆုံးမှာရှိနေတဲ့လူကသစ္စာဖောက်သွားမှာလို့။

အိမ်တော်ထိန်းလုံကသားရူးရူးနေတဲ့မိန်းမဖြစ်သူအတွက်အားကျန့်လေးကိုခိုးပြီးအစားထိုးပေးလိမ့်မယ်လို့သူတို့လင်မယားနှစ်ယောက်လုံးတကယ်ကိုထင်မထားခဲ့တာ။အိမ်စေတချို့ကသိနေကြတာတောင်အိမ်တော်ထိန်းလုံရဲ့ပိုက်ဆံပေးပြီးနှုတ်ပိတ်ထားမှုကြောင့်ဘယ်သူမှဖွင့်မပြောလာခဲ့။

လွန်ခဲ့တဲ့တစ်ရက်ကမှမိန်းမပီပီမနေနိုင်လို့အတင်းတုပ်နေကြတဲ့အိမ်စေတစ်စုဆီကသူတို့ကြားသိခဲ့ရတာ။အကုန်လုံးကိုစစ်မေးတဲ့အချိန်မှာတော့အိမ်တော်ထိန်းလုံကထွက်ပြေးသွားခဲ့ပြီ။ရှောင်းသခင်ကြီးတို့လင်မယားနှစ်ယောက်အိမ်တော်ထိန်းလုံရဲ့ဇာတိရွာကိုညကြီးမင်းကြီးလိုက်သွားကြသည်။

My Ugly Boy(completed)Donde viven las historias. Descúbrelo ahora