1

50.1K 1.3K 14
                                    

Unicode

Hello သကျားဟောင်...

ဒါလေးကတော့ ကိုပထမဆုံး ရေးဖြစ်တဲ့
ZhanYi Fan Fic လေးပါ။
Fic ထဲကဇာတ်ကောင်၏ပုံစံများ အ​ပြောအဆိုများ အသွင်အပြင်များသည် မိမိ စိတ်ကြိုက်ဖန်တီးထားခြင်းဖြစ်သည်။ အပြင်လောကရှိ Idol 2 ဦးလုံးကို ထိခိုက်စေရန် ရည်ရွယ်ချက်လုံးဝ (လုံးဝ) မရှိပါ။

Xiao Zhan နှင့် Wang Yibo မှအပ အခြားဇာတ်ကောင်များသည် မိမိ၏ စိတ်ကူးယဥ်ဇာတ်ကောင်များသာဖြစ်သည်။

Idol image မကျအောင်အထူးဂရုစိုက်ရေးပေးမှာဖြစ်လို့ အားလုံးကို ဇာတ်လမ်းအတိုင်းသာလိုက်စီးမျောစေချင်ပါတယ်။

Note _ Mature Content ⚠⚠⚠

ဒါဆို ဇာတ်လမ်းဆီကိုသွားကြတော့မလား...

___________________

"မားရေ....မား "

နူးညံံပျော့ဆင်းတဲ့ ရွှေအိုရောင်ဆံပင် ဖျော့လေးကိုပိုင်ဆိုင်ထားတဲ့ ကောင်လေးဟာ ခေါင်းကိုလက်နဲ့အကြိမ်ကြိမ်ကုတ်ပြီး အိပ်ချင်မူးတူးရုပ်နှင့် အိမ်ပေါ်ထပ်မှဆင်းလာကာ သူ့ရဲ့ ဝမ်မာမားကို အသည်းအသန်အော်ခေါ်တော့သည်။

"ဝမ်လေး....သားရဲ့မာမား နဲ့ ပါပါးက မနက်အစောကြီးထဲကထွက်သွားပြီလေ"

ဝမ်ရိပေါ်ရဲ့အော်ခေါ်သံကြောင့် အိမ်ထိန်းကြီးမှမီးဖိုချောင်ထဲမှထွက်လာကာဖြေလိုက်ရသည်။

အိမ်ထိန်းဟုဆိုသော်လည်း ဝမ်ရိပေါ် ငယ်ငယ်ထဲကအရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးသူဖြစ်သလို ဝမ်အိမ်တော်အပေါ်လဲ အင်မတန်ဂရုစိုက်သူဖြစ်သောကြောင့် အားလုံးကဆွေမျိုးတစ်ယောက်လိုသာသ ဘောထား ဆက်ဆံကြသည်။

"ဟင်...ထွက်သွားကြပြီဟုတ်လား ပြောတော့ ဒီနေ့ သားနဲ့ မနက်စာအတူစားမှာဆို"

"သူတို့ လမ်းလျှောက်အဖွဲ့က ဖုန်းဆက်လှမ်းခေါ်လို့ ဝမ်လေးရေ... မနက်စာလိုက်ကျွေးချင်လို့တဲ့လေ ဝမ်လေးရော ဘာစားချင်လဲ ဦးဦးဘာလုပ်ပေးရမလဲ"

"ရပါတယ် အရင်လို နို့နဲ့ပေါင်မုန့်ဘဲစားတော့မယ်... သားမျက်နှာသစ်ပြီးမှပြန်ဆင်းလာခဲ့မယ်နော် ဦးဦး"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now