အခန်း(၁)

7.9K 341 21
                                    

ဒီနှစ်ဆောင်းက မြန်မာတပြည်လုံးကို ခိုက်ခိုက်တုန်နေအောင်ကိုချမ်းစေသည်။မြူခိုးတွေဝေပြီး လမ်းတိုင်းလမ်းတိုင်းမြူတွေဆိုင်းကာ အရှေ့တစ်ပေလောက်ကိုပင်ကောင်းကောင်းမမြင်ရ။ရန်ကုန်မြို့ကြီးမြို့ပြတစ်နေရာတွင်ဖြစ်၏။မြူတွေအရမ်းဆိုင်းနေသောကြောင့် ပတ်ဝန်းကျင်အနေအထားကိုတောင်သဲသဲကွဲကွဲမမြင်ရပေ။လမ်းငယ်လေးတစ်ခုထဲတွင်တော့ လှုပ်လှုပ်ရှားရှား အရာလေးတစ်ခု။ထိုအရာလေးက တစ်ခြားတော့မဟုတ်ပေ။ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် လှုပ်လီလှုပ်လဲ့လမ်းလျှောက်နေခြင်းပင်။Hoodieအမည်းရောင်နှင့်ဂျင်းပင်အပြာတို့ကိုလိုက်ဖက်စွာဝတ်စားဆင်ယင်ထားပြီးအောက်တွင်လည်း Nikeအဖြူစွတ်စွတ်လေးကိုစီးထားသေးသည်။လက်နှစ်ဖက်ကိုလျှို၍ အကျ်ီအိတ်ထဲထည့်ကာ လမ်းလျှောက်နေပုံမှာ နံနက်ခင်း သွေးပူလေ့ကျင့်ခန်းလုပ်နေတာနှင့်မတူ။သူသွားလိုတဲ့ခရီးကိုအေးအေးလူလူသွားနေပုံပင်။သွားနေရင်းနှင့်ပင်လမ်းအချိုးအကွေးလေးတစ်နေရာရောက်တော့ရုတ်ချည်းပျောက်ကွယ်သွားတော့သည်။ထိုအချိုးအကွေ့တွင်တော့ ကြီးမားသောပင်စည်ကြီးနှင့်အပွင့်တွေခဲနေအောင်ပွင့်နေသော ခရေပင်ကြီးတစ်ပင်။ထိုခရေပင်ကြီးအောက်တွင်တော့ သစ်သားခုံတန်းလေးတစ်ခု။ထိုသစ်သားခုံတန်းပေါ်တွင်တော့ မနက်ခင်းရဲ့ လှပမှုတွေကို ထိုးခွဲပစ်လိုက်တဲ့ ကြေကွဲစို့နင့်ဖွယ်ငိုသံသဲ့သဲ့လေး......

" အဟင့်......အဟင့်.....ဟင့်.....ဟင့်......ဒီနေ့နဲ့ဆို ရှင်ထွက်သွားတာ ၉နှစ်တင်းတင်းပြည့်ပြီနော်....ရနံ့ရှင့်ကိုအရမ်းလွမ်းတယ်သိလား....ရှင်ပြောခဲ့တယ်လေ...ရနံ့တွေနဲ့ပြည့်နှက်နေတဲ့ မွှေးရနံ့ဆိုတဲ့ မင်းအပေါ်မှာ အမြဲဝဲပျံနေမဲ့လိပ်ပြာလေးတစ်ကောင်ဖြစ်ချင်တယ်ဆို....ခုဘယ်မှာလဲလိပ်ပြာလေးရေ.....ရှင်အကြားချင်ခဲ့ဆုံးသော စကားတစ်ခွန်းကိုရနံ့ပြောခွင့်မရခဲ့ဘူး..ဒါပေမယ့်ရနံ့အဲ့စကားကို ဒီနေရာမှာလာ​ပြောတာ ဒီတစ်ခါနဲ့ဆို ၉ကြိမ်တောင်ရှိပါပြီ....ရနံ့ဒီစကားကိုရှင်ကလွဲပြီးဘယ်သူ့ကိုမှမပြောဖြစ်တော့ဘူး.....ဒီတစ်ခေါက်လည်းရှင်အရမ်းကြားချင်နေမှာပေါ့......ရှင်နားထောင်နေပေးပါနော်....ရနံ့လေရှင့်ကိုအရမ်းချစ်တယ်သိလား......ဒီနှလုံးသားရဲ့အနက်ရှိုင်းဆုံးသောနေရာကနေကိုချစ်တာ....ရှင်ကြားရဲ့လားဟင်...."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now