"နင်.........""အင်း.....မတွေ့တာတောင်ကြာပြီနော်..အများကြီးပြောင်းလဲသွားတာပဲ.."
"နင်ရောပဲ...."
"ပန်းစည်းလာဝယ်တာလား.."
"အင်း......" ကူးကူးမျက်လုံးတွေက ထိုအမျိုးသမီးလေးပေါ်ကနေ ဖယ်ခွာချင်ပေမယ့် နှလုံးသားက ကြည့်မြဲအတိုင်းကြည့်ချင်နေသေးသည်။
သာသာက ရှက်ကို့ရှက်ကန်းနဲ့ လက်နှစ်ဖက်ကို ပွတ်နေတော့သည်။
"တူ...တူ...တူ. ခဏနော်..ဖုန်းလာနေလို့.."
"အင်းခြယ်ခြယ်ပြော.."
". ......."
"အင်း....ဆိုင်မှာပဲ...."
". ........"
"အကဲပိုနေပြန်ပြီ.ဒီကလည်းအချိန်တိုင်းလွမ်းနေတာပါနော်...."
". ......."
"ဒါပဲနော် အချစ်....မမ ဆိုင်ကို အသိတစ်ယောက်ရောက်လာလို့ စကားပြောနေလို့...."
". ......"
"ညကျမှတွေ့ကြမယ်....စားချင်တာဝယ်လာခဲ့မယ်....အိမ်မှာစိတ်အေးအေးစောင့်နေ..ဟုတ်ပြီလား.."
". ......"
"အာ..ဒီကလေးကတော့....ချစ်တယ်..မွမွ....."
သာသာရဲ့ဖုန်းဖြေသံကိုကြည့်ပြီး ငြိမ်သတ်စွာ စူးဝင်နေတဲ့အဆူးက ခုမှ နှလုံးသားတစ်ခုလုံးကို အဆက်မပြတ်ထိုးနှက်နေတော့သည်။
"ထိုင်ပါအုန်းလား...Coffeeလေးဘာလေးသောက်ရအောင်လေ..."
"အင်း..."
တို့ဆေးမိထားတဲ့လူတစ်ယောက်လို ငိုင်တိငိုင်တိုင်နဲ့ ပြောသမျှခေါင်းငြိမ့်နေမိတော့သည်။
"အခု ဘာတွေလုပ်နေလဲ..ကျောင်းရောပြီးပြီလား.."
"အင်း..ပြီးပြီ...နင်ရော.."
"ပြီးပြီ..ဒါပေမယ့်ရိုးရိုး..."
"နင်ကရော.."
"M. B. B. S"
"နင်တကယ်တော်တာပဲ..."
"ဒီလိုပါပဲ...."
"ခုဘယ်မှာတာဝန်ကျနေလဲ..."
"ပြည်သူ့ဆေးရုံကြီးအရိုးအကျောဌာနမှာ."
YOU ARE READING
ခရေပင်ကိုအစွဲပြု၍🌳
Horrorချစ်ခြင်းမေတ္တာဆိုတာ သက်ရှိတွေပေါ်မှာလည်းဖြစ်တည်ခွင့်ရှိသလို သက်မဲ့အရာတွေပေါ်မှာလည်း ဖြစ်တည်လို့ရသည်။ သို့ပေမဲ့ မမြင်ရတဲ့ အရာတွေပေါ်မှာရော ဖြစ်တည်လို့ရသလား။ဥပမာ သေဆုံးပြီးသားလူတစ်ယောက်ကိုပေါ့။ကျွန်မကတော့ သူများတွေမမြင်ရတဲ့ မြင်နိုင်စွမ်းမရှိတဲ့တစ်ယေ...