အခန်း(၈)

1.7K 200 13
                                    

အရင်ကဆိုစာမှစာ ဖြစ်နေတတ်ပြီး ပထမဆိုတာငါ့အတွက်လို့ ယတိပြတ်ခံယူထားတတ်သူ.....မှုံနံ့သာ စာလည်းမကျက်နိုင်တော့ပေ။စာကျက်မယ်လုပ်တိုင်း မွှေးရနံ့ နဲ့ကူးကူးကဘာတွေလဲ...ကူးကူး ကငထွဋ်ကိုပြန်ကြိုက်မှာလား..ကူးကူးက မိန်းကလေးချင်းစိတ်ဝင်စားသူလားဆိုတဲ့အတွေးတွေက စာမကျက်နိုင်အောင်ကို နှိပ်စက်နေသည်။ကိုယ့်ဘဝထဲထိုမျှလောက် လွှမ်းမိုးနေသော မေစန္ဒကူးကိုချစ်ခြင်းနဲ့အပြိုင် သေလောက်အောင်လည်းမုန်းသည်။ကိုယ့်အချစ်တွေကိုမမြင်နိုင်လို့....

နောက်ဆုံးအတန်းတင်စာမေးပွဲဖြေဖို့ ရက်အတိအကျလည်းထွက်လာသလို အတန်းနှုတ်ဆက်ပွဲလုပ်ဖို့ရက်ပါထွက်လာတော့သည်။

တစ်ခန်းလုံးနှုတ်ဆက်ပွဲကြောင့်ယောက်ယက်ခတ်နေကြပေမယ့် မှုံနံ့သာ ကတော့ငိုင်နေသည်။ကူးကူးထင်တာက မှုံနံ့သာ ငိုင်နေရခြင်းမှာ သူနဲ့ငထွဋ်နာမည်ထွက်လာခြင်းကြောင့်လို့....မှုံနံ့သာ သူ့ကိုမုန်းနေရခြင်းမှာလည်း ထိုကိစ္စကြောင့်သာဖြစ်မည်ဟုတထစ်ချမှတ်ယူနေသည်။

"သာသာ...ငိုင်လှချည်လား.....ငါတို့အခန်းတခြားအခန်းတွေနဲ့မတူအောင် Designဆွဲဖို့ ဝင်စဥ်းစားပေးအုန်းလေ..."

"နင့်စော်နင်သွားမေးလေ..ငါ့ကိုဘာလို့လာပြောနေတာလဲ....."

"ဟမ်..ငါ့စော်ကဘယ်သူလဲ...."
ငထွဋ်တောင် အူကြောင်ကြောင်ဖြစ်သွားရသည်။

"ဟိုရုပ်ဆိုးမလေ......နင်တို့တွဲနေတာမို့လား...ဘာခုမှမသိချင်ယောင်ဆောင်နေတာလဲ....." ဒေါကြီးမောကြီး ပြောလိုက်သော မှုံနံ့သာ့အပြုအမူကလူတိုင်းက မှုံနံ့သာ ငထွဋ်ကိုသဝန်တိုနေသည်လို့ထင်လိုက်ကြသည်။တကယ်တမ်းကြတော့ သူရုပ်ဆိုးပါတယ်လို့အမြဲနှိမ်နေတဲ့ကောင်မလေးကိုသဝန်တိုနေခြင်းသာ......

"ငထွဋ် နင်မမိုက်ပါဘူးဟာ....မှုံနံ့သာ ခံစားနေရပြီ.....နင်ကဘာမဟုတ်တဲ့ရုပ်ကလည်းဆိုးသေး စာကလည်းညံ့သေး. ဖခင်အရှိန်နဲ့ နေရာရနေတဲ့ လူကိုသွားကြိုက်ရတယ်လို့...မှုံနံ့သာကိုနည်းနည်းလေးတောင်အားမနာဘူးလား...သူ့ခမြာခံစားနေရရှာပြီ..."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now