အခန်း(၁၉)ဇာတ်သိမ်း

4.5K 334 120
                                    

သာသာ ဖင်တကြွကြွနဲ့စိတ်ပူနေမိသည်။

"မမ...ဖုန်းဆက်ကြည့်လိုက်ရမလား..ရောက်ပြီလားမသိဘူး.."

"အင်းဆက်လေ..မမမှာသူ့ph noမရှိဘူး.."

"ဟုတ်..."
အစိမ်းရောင်ဖုန်းခေါ်ပေမယ့် ဘယ်သူမှမကိုင်ပေ။

"မကိုင်ဘူးလား.."

"အင်း..မကိုင်ဘူးမမ..."

"တကယ်ပဲ.. မနက်မှပြန်လို့ရတာကို..."

"မမစိတ်ပူနေတာလား.."

"ခြယ်ခြယ်လည်းပူနေတာပဲမဟုတ်လား."

"ပူတာပေါ့......ဒီအချိန်ကြီး မိန်းကလေးနှစ်ယောက်တည်း..."

"အင်းဆို...ဘယ်လိုဟာတွေမှန်းလည်းမသိဘူး...သူများတွေကိုစိတ်ပူအောင်လုပ်တယ်.."

"မမ....."

"အင်း.."

"မေကူး..အရမ်းခံစားသွားရပုံပဲနော်..."

"ခြယ်ခြယ်က သူ့အပေါ်မှာ ခုထိစိတ်ရှိနေတုန်းလား.."

"သံယောဇဥ်တော့ရှိတာပေါ့...နှစ်တွေအ​ကြာကြီး တူတူဖြတ်သန်းလာတာလေ.."

"အင်း...မမလည်းငယ်သူငယ်ချင်းတွေမို့ပါ.."

"မမညာနေတာ.."

"ဘာကိုဆိုလိုတာလဲ..."

"မမ မေကူးကို သူငယ်ချင်းဆိုတာထက် အများကြီးပိုနေသေးတယ်မဟုတ်လား...ခြယ်ခြယ် ခံစားမိတယ်..."

"ခြယ်ခြယ်....မမကိုစိတ်ပင်ပန်းအောင်မလုပ်ပါနဲ့ကွာ..Please. .အတိတ်တွေကို မတူးဆွပါနဲ့...မမခံစားချက်တွေကို ခြယ်ခြယ့်ကိုပြောပြပြီးသားလေ..."

"ခြယ်ခြယ်လေ.....အမှန်တိုင်းဆို မေ့ကို ခုထိမေ့လို့မရသေးဘူးသိလား...ပြီးတော့ မေ မြတ်နိုးတဲ့အရာတစ်ခုကို ပိုင်ဆိုင်ဖို့မရဲဘူး.."

"ခြယ်ခြယ်.... မမကိုကြည့်စမ်း...ခြယ်ခြယ် သူ့ကိုမေ့နိုင်တာ မမေ့နိုင်တာ မမစိတ်မဝင်စားဘူး....မမစိတ်ဝင်စားတာ ခြယ်ခြယ့်ကို မမပိုင်ဆိုင်ချင်တယ်....ခြယ်ခြယ်နဲ့အတူတူ ကျန်ရှိနေတဲ့ အနာဂတ်ခရီးကို တူတူဖြတ်သန်းချင်တယ်...မမကလည်း ခြယ်ခြယ့်အတွက်ပဲဖြစ်တည်နေသလို ခြယ်ခြယ် ကလည်း မမအတွက်ပဲ ဖြစ်တည်နေရမယ်...မမတို့စကားမများချင်ဘူးကွာ.."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now