အခန်း(၇)

1.7K 201 6
                                    

ခံစားချက်မဲ့သွားတဲ့လူတစ်ယောက်လို မျက်ရည်ဆိုတာလည်းမရှိတော့ပေ။သံပက်ပေးထားတဲ့စက်ရုပ်တစ်ရုပ်လိုပဲ လှူပ်ရှားနေမိတော့သည်။ပြန်မလာတော့မည့်သူကို မျှော်နေရင်းနဲ့ တစ်ခါတလေ ငါဘယ်သူလဲ လို့ခဏခဏလည်းမေးမိနေသည်။

"မိကူး...မိကူး...ခုထွက်ခဲ့စမ်း.... "ဒေါ်ထားထားခင် သမီးဖြစ်သူကို စိုးရိမ်သွားတော့သည်။အကယ်၍ ကူးကူးညာနေတာမဟုတ်ရင် သမီးဖြစ်သူ အပမှီနေတာဖြစ်နိုင်သည်။

"ဟဲ့..မိကူးထွက်လာခဲ့စမ်း..."

ကူးကူး ကြောက်ကြောက်ရွံရွံနဲ့ပဲ ထွက်လာမိသည်။

"နင်ဘာအမှားတွေလုပ်ထားမိလဲ..ပြောစမ်း....သေပြီးသားလူတစ်ယောက်က နင့်ကိုဘာကြောင့် လာဆက်နွယ်နေတာလဲ..."

"ကူးကူး မသိဘူး....ကူးကူး ဒီမြို့ကိုရောက်တယ်ဆို အိပ်မက်မက်တယ်...ဆရာမမွှေးရနံ့ နဲ့မမဟန်တေလာကို..ပြီးတော့မမဟန်တေလာနဲ့ခင်သွားတယ်..ဒီလောက်ပဲ..ကူးကူးမညာတတ်တာသိရက်နဲ့ဘာလို့မယုံကြည်ကြတာလဲ..."

"မဖြစ်တော့ဘူး..သမီး.ဒီမြို့မှာ ပယောဂဆရာရှိလား....ပယောဂဆရာနဲ့ ပြမှရတော့မယ်..." သမီးအတွက်မိဘနှစ်ယောက်စလုံးအရမ်းပင်စိတ်ပူသွားကြတော့သည်။

"ကျွန်မမသိဘူးဆရာကြီး.....ဒါပေမယ့်ကျွန်မစုံစမ်းပေးပါ့မယ်...."

"မြန်မြန်လေးစုံစမ်းပေးပါနော်.....သမီးလေးအတွက် အရေးကြီးလို့ပါ.."

"ဟုတ်ကဲ့...."

ဆရာမပြန်သွားတော့ကူးကူးရင်ထဲ နင့်နေအောင်ကိုခံစားရသည်။မမကသရဲလား...နောက်မမနဲ့တွေ့ခွင့်မရတော့ဘူးပေါ့...မမရယ်... ကူးကူးဘယ်လိုလုပ်ရမလဲ....

အငိုလွန်းပြီး ကူးကူးအိပ်ပျော်သွားတော့သည်။

"ကလေး....."

"မမ...ကူးကူးနားမလာပါနဲ့...ကူးကူးကြောက်တယ်.....ဟီးး..ဟီးး မမကသရဲမို့လား....." မလာပါနဲ့နှင်နေပေမယ့် ကူးကူး ဟန်တေလာရှိရာဆီသို့ပြေးကာ ရှိုက်ကြီးတငင်ငိုပစ်လိုက်သည်။

"ကလေးကရော မမကို သရဲလို့ထင်နေတာပဲလား....တကယ်လို့မမက သရဲဆို မမကို နောက်ဘယ်တော့မှ လာမတွေ့တော့ဘူးပေါ့ဟုတ်လား...."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now