အခန်း(၁၂)

1.6K 201 8
                                    

"ဒေါ်လေး....မေကူးပြန်ရောက်နေပြီဆို.."

"ဟုတ်တယ်..သမီးရေ...ဒေါ်လေးလည်း ပြောဖို့မေ့သွားတယ်....လာသမီးအိမ်ထဲဝင်.. မိကူးအခန်းထဲမှာရှိတယ်.."

(တွေ့မယ်..အစုတ်ပလုတ်မမေကူး....ငါ့မှာတော့သတိရလိုက်ရတာ..)

ယဥ်ကျေးမှုအရ အခန်းတံခါးခေါက်လိုက်တော့သည်။"ဒေါက်...ဒေါက်.."

"ဝင်ခဲ့ပါ...." အခန်းဝကိုကျောပေးပြီး စာကြည့်စားပွဲပေါ်မှာ တကုတ်ကုတ်နဲ့အလုပ်ရှုပ်နေသော ကောင်မလေး...

"ကဲဟာ....အုန်း..." ဇူဇူရဲ့လက်ဝါးချက် ကူးကူးကျောပေါ်သို့ အရှိန်ပြင်းပြင်းနှုတ်ဆက်လိုက်သည်။

"အားရား..နာတာ..ဘယ်သူ...." ဒေါသတကြီးလှည့်ကြည့်ပေမယ့်...သွားလေးပဲပြန်ဖြီးပြလိုက်ရသည်။

"ဟီး....အချစ်ဆုံးသူငယ်ချင်းကြီး...လာလည်တာလား....အဟီး."

"စောက်ကျင့်မကောင်းတဲ့ ဟာမကြီး....ငါ့မှာသတိရလိုက်တာကို...နင်တော်တော်မကောင်းတဲ့ဟာမကြီး..." စူပုတ်နေသော မျက်နှာပေးနဲ့ ပြောနေပေမယ့် မျက်လုံးတို့ကတော့ ကူးကူးရှိရာဆီမှမခွာနိုင်...

"ဇူဇူလေးကလည်း....စိတ်မဆိုးပါနဲ့..ရန်ကုန်က ချောကလက်ဝယ်လာတယ်...ငါလည်းစိတ်တွေအရမ်းညစ်နေတာနဲ့ ဘယ်သူ့ကိုမှအကြောင်းမကြားဘဲသွားလိုက်တာ....ခုပြန်လာပြီပဲကို...အကဲကိုပိုတယ်.."

"ဟုတ်တာပေါ့..အကဲပိုတယ်ပဲရှိသေး....ရုတ်တရက်ကြီး ပျောက်သွားတော့ ဘာများဖြစ်သလဲပေါ့....သူ့ဟာမအိမ်ကျတော့သွားပြီး ငါ့ဆီကျတော့မလာဘူး....သွား ငါစိတ်ဆိုးတယ်.."

"အမယ်..စိတ်ဆိုးတယ်သာပြောတယ်..အချော့ခံချင်လို့အိမ်အထိလာပြီးတော့...အဲ့ဒါဆို ချောကလက်ကမစားဘူးပေါ့..အဲ့လိုလား..ဟဲ့၂၅၀တန်ချောကလက်မဟုတ်ဘူးနော်..ခဏလေး.."

"ဒီမှာ...ဘူးလိုက်ဝယ်လာတယ်..၁သောင်းကျော်တယ်ဟဲ့..ငါ့မှာကျွေးချင်လွန်းလို့ ပိုက်ဆံစုပြီး ဝယ်လာတာ.."

"ဘယ်သူကစားချင်တယ်ပြောလို့လဲ....လာဖားမနေနဲ့...ကျောင်းပြောင်းမယ်ဆိုတာဘာသဘောလဲ...နင်နော်...ငါ့မှာသူငယ်ချင်းဆိုလို့နင်ပဲရှိတာကို.."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now