အခန်း(၉)

1.7K 197 7
                                    


မနက်ဖြန်ဆို စာမေးပွဲဖြေရတော့မည်။အခန်းထဲစာအော်ကျက်တဲ့သူတွေကကျက် ..ခွဲရတော့မည့်မချိန်တွေလည်းနီးလာပြီမို့ မကုန်နိုင်အောင်စကားစမြည်းပြောသူကပြောနဲ့....မှုံနံ့သာ ကတော့ငူငူကြီးထိုင်နေတော့သည်။ဘယ်သူစကားလာ​ပြောပြော ပြန်လည်းမပြော.....တွေးတွေးငေးငေးကြီးနဲ့ မတုံ့မလှုပ်ငြိမ်သက်နေသည်။

"ကူး.....စာတွေပိုင်နေပြီလား...ကိုယ့်ကို ဘယ်တော့အဖြေပြန်ပေးမှာလဲ...ကျောင်းမပိတ်ခင် အဖြေလိုချင်တယ်ကွာ....."

"ကိုထွဋ်က ကူးကူး ကိုတကယ်ရောချစ်ရဲ့လား..ကူးကူးကလှလည်းမလှဘူး..စာလည်းမတော်ဘူးလေ...."

"ဟုတ်တယ်နော်..လှလည်းမလှ စာလည်းမတော်တဲ့ ကောင်မလေးကိုဘာလို့ချစ်မိသွားလဲဆိုတာ ကိုယ်တောင်မတွေးတတ်..."

"ကူးကူးမှာ တခြားချစ်ရမည့်သူရှိနေတယ်ကိုထွဋ်ရဲ့ တစ်ခါတလေသူ့ကိုရွဲ့ပြီး ကိုထွဋ်နဲ့ တွဲလိုက်ချင်ပေမယ့် ကိုထွဋ်ကို အဲ့လိုမလုပ်ရက်ဘူး..."

"ကူး ကိုယ့်ကို ပြန်ချစ်လာမည့်အချိန်ကို ကိုယ်စောင့်မယ်လေ....."

"ဘာလို့လဲဟင်....ကူးကူးကို ချစ်တာအကြောင်းပြချက်မရှိဘူးလား..."

"အဲ့ဒါတွေတော့ ကိုယ်မသိဘူး..ဒါပေမယ့် ကူး ကိုမြင်ရင်ရင်ခုန်တယ်...."

ကူးကူး ငထွဋ်မျက်နှာကို ကြည့်ပြီး ဝမ်းနည်းလာသည်။သူသာ ကူးကူးကိုအဲ့လိုချစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့တွေးမိလာလို့သာ...

"ဟဲ့.......သာသာ...နင့်ရုပ်က ဘာဖြစ်နေတာလဲ.....မျက်နှာသေနဲ့..."

"ဘာဖြစ်ဖြစ် နင့်အပူလား.....နားငြီးတယ်..ငါ့အနားမလာနဲ့..."

"ဒါလေးမေးတာကို.... လာမအော်နဲ့...."

မွှေးရနံ့ ကူးကူးတို့အခန်းရှေ့ကဖြတ်သွားတာကို မှုံနံ့သာ ဖြတ်ခနဲတွေ့လိုက်တယ်ဆို အတင်းပြေးကာလိုက်သွားတော့သည်။

"ခဏလေးနေပါအုန်း...."

"ငါ့ကိုလား......"ကိုယ့်ကိုယ်ကိုယ်လက်ညှိုးလေးထိုးပြီးမေးနေပုံမှာ ကျောင်းသူလေးအတိုင်းပင်။

"အင်း....စကားနည်းနည်းပြောချင်လို့...."

"ပြောလေ....."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now