အခန်း(၁၄)

1.6K 189 9
                                    


ဦးထွန်းခင်ရဲ့လုပ်ရပ်ကတော့ ဇမ္ဗူကုန်းမြို့နယ်တစ်ခွင် ဟိုးလေးတကျော်ကျော် ဖြစ်နေတော့သည်။လူ့ပါးစပ်ပေါက်ကလည်းသိတဲ့အတိုင်းပင်။အထက်တန်းကျောင်းသူကို အတင်းအဓမ္မကြံရာကနေ အသက်သေဆုံးသွားသည်ကနေ အတင်းအဓမ္မကြံပြီး သတ်ပစ်လိုက်သည်ဟု လူတိုင်းနှုတ်တွင် တဖွဖွပြောနေကြသည်အထိ။

ဂုဏ်သိက္ခာ ဘာညာ စကားကြီးစကားကျယ်ပြောနေတဲ့လူက မုဒိန်းမှုကိုတောင် ကျူးလွန်ဖို့ကြံရွယ်သည်မို့ လူတွေရဲ့စိတ်ထဲအော်ကလီဆန်သွားကြတာတော့အမှန်ပင်။မျက်နှာမပြဝံ့အောင်ကို အိမ်တွင်းပုန်းနေရတော့သည်။ဒေါ်သရဖီကတော့ မရူးဘူးဆိုတာ အတည့်ပြုပြီးပြီမို့ ဆေးရုံးကဆင်းလာတယ်ဆို ကွာရှင်းခွင့်တောင်းယူလိုက်တော့သည်။

"ကျွန်မတို့ကွာရှင်းကြရအောင် ဦးထွန်းခင်..."

"ငါကောင်းစားနေတုန်းက တွယ်ကပ်နေတဲ့မိန်းမက ခုတော့ငါ့ကိုစွန့်ပစ်ပြီပေါ့...ဟားးဟားးတရားကျဖို့ကောင်းလိုက်တာကွာ....မင်းပြောပြောနေကြ အချစ်တွေသစ္စာတွေကဘယ်ရောက်ကုန်တာလဲ..."

"အချစ်တွေသစ္စာတွေဟုတ်လား..ရှင့်ကြောင့်ကျွန်မသမီးက သေမလိုဖြစ်နေရပြီ...ပြီးတော့ မုဒိန်းကောင်ဆိုတဲ့ နာမည်ဆိုးကရှင့်ကိုယ်ပေါ်မှာ တံဆိပ်ရိုက်နှိပ်ပြီးပြီ.....ရှင့်ကြောင့်သာမဟုတ်ရင် ကျွန်မသမီးလေးခုလိုဖြစ်မှာမဟုတ်ဘူး....အဟင့်အဟင့်...."

"တော်စမ်းပါ..မင်းရောအဲ့ဒိပေါက်လွတ်ပဲစားစကားတွေယုံတာပဲလား...ပြောစမ်း..ယုံလား.."

"ကိုယ့်သားသမီးတစ်ယောက်လုံး ဘေးတွေ့နေရတာကိုတောင် ရှင်နောင်တမရသေးဘူး..မကောင်းတဲ့ကောင်....ရှင့်ရဲ့အောက်တန်းစားလုပ်ရပ်ကြောင့်သာသာလေးဒုက္ခရောက်ရတာလေ....သာသာကရှင့်သမီးအရင်းပါ..."

"ဟာ...ဘာတွေလာ​ပြောနေတာလဲ..မင်းကွာရှင်းချင်တာမို့လား..ကွာပေးမယ်..ဒါပေမယ့် ငါ့ဥစ္စာပစ္စည်းပိုင်ဆိုင်မှု တစ်ခုမှရမယ်မထင်နဲ့..လက်ဗလာနဲ့ဆင်းသွား..."

"ရှင့်ဆီကပစ္စည်းတွေလည်းမမက်မောတော့ပါဘူး...ရွံလွန်းလို့...." အော်ဟစ်ဆဲဆိုကျိန်းမောင်းပြီး သူ့ကိုယ်ပိုင်ပိုင်ဆိုင်တာလေးနည်းနည်းနဲ့ အိမ်ပေါ်ကဆင်းသွားကာ ဟန်လေးခေါ် သာသာ ရှိရာဆီသို့ဦးတည်လိုက်တော့သည်။

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now