အခန်း(၁၅)

1.6K 192 8
                                    

နှစ်ကာလတွေကလည်း တဖြည်းဖြည်း ကုန်ဆုံးလာတော့သည်။ကူးကူးရင်ထဲကဆူးတစ်ချောင်းကတော့ ခုထက်ထိတိုင် တဆစ်ဆစ်နဲ့ဖြစ်နေတုန်းပင်။ဒါပေမယ့်လည်း...

"မေ........မနက်အိမ်လိုက်ခဲ့နော်......သူတို့ချွေးမလေးကို တွေ့ချင်နေကြတယ်..."

"အမလေး....ညာမယ်ဆိုလည်း ယုတ္တိရှိအောင်ညာ....ဘာသူတို့ချွေးမလေးလဲ...သူ့ကြည့်တော့ လူကြီးတွေကိုတောင်ဖွင့်မပြောရဲတဲ့သူက.."

"ဘာပဲပြောပြောလေ.....မာမီတို့က မေစန္ဒကူး ဆိုတဲ့ အစိမ်းရောင်ရဲ့ ကောင်းတူဆိုးဖက် သူငယ်ချင်းကို အရမ်းတွေတွေ့ချင်နေကြတာ....သိပ်မကြာခင်မှာပဲ တို့တွေကအလုပ်သင်ဖြစ်တော့မှာလေ.."

"နင့်မိဘတွေကို အဖြစ်မှန်ကိုဖွင့်ပြောဖို့သတ္တိမရှိဘူးမို့လားအစိမ်းရောင်ရယ်...ငါတို့ပတ်သက်မှုအမှန်ကိုနင်ဖွင့်မပြောရဲသရွေ့ ငါနင့်အိမ်ကိုလိုက်မလည်ဘူးလို့ ပြောထားပြီးပြီလေဟာ...."

"ဘာလို့လဲ..ဖွင့်ပြောသည်ဖြစ်စေ ဖွင့်မပြောသည်ဖြစ်စေ နင်က ငါ့ချစ်သူပဲလေ မေရယ်...ကျောင်းပြီးတာနဲ့ငါဖွင့်ပြောမှာပါ..နင် ငါ့ကိုဘာလို့မယုံရတာလဲ...."

"နင့်ကိုမယုံတာမဟုတ်ဘူး..ဖြစ်မလာသေးတဲ့ ကံကြမ္မာကို မယုံတာ....ပြီးတော့နင် ငါ့ကို ကတိပေးထားတယ်လေ..ငါ့ဆီက ဘာကိုမှအတင်းအကြပ်မတောင်းယူပါဘူးဆိုတာ..နင် ငါ့ကိုချစ်တာငါသိတယ် အစိမ်းရောင်..ငါလည်းချစ်တယ်..နှစ်တွေအကြာကြီးအတူတူရှိနေတဲ့သံယောဇဥ်နဲ့ နားလည်ပေးမှုတွေက အချစ်တစ်ခုကို ခိုင်မြဲစေဖို့ ငါမျှော်လင့်တယ်...ငါ့ရင်ထဲကဆူးကိုနှုတ်ပေးသူကနင်ပါ....ဒါပေမယ့် နင့်မိဘအသိုင်းအဝိုင်းက ငါ့ကိုကြည်ကြည်ဖြူဖြူလက်မခံရင် ငါလည်းနင့်ဘဝထဲအတင်းတိုးဝင်နေမှာမဟုတ်ဘူးနော်..."

"နင်ငါ့ကိုအစားထိုးပြီးချစ်တာငါသိတယ် မေ....ဒါပေမယ့် ဘာမဟုတ်တာလေးကိုတောင် နင်မလိုက်လျောပေးနိုင်ဘူးနော်.အေးပါ...ငါ့ကတိအတိုင်းပါပဲ..နင့်ဆီကဘာကိုမှအတင်းအကြပ်မတောင်းဆိုပါဘူး.....ငါကနင့်အနားမှာနေရရင်ကို ကျေနပ်နေသူမို့ တခြားဘာမှ မမျှော်လင့်တော့ပါဘူး...."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now