အခန်း(၅)

1.7K 205 13
                                    

   
ရုပ်နဲ့လက်ရေးနဲ့ လိုက်တယ်ဆိုပြီး နှိပ်ကွပ်တဲ့ မှုံနံ့သာရဲ့စကားသံတွေကိုပြန်ကြားယောင်လာမိသည်။စာမေးပွဲလည်းနီးလာပြီဆိုတော့စိတ်ညစ်စရာတွေခဏမေ့ထားလိုက်သည်။တကယ်တော့ ကူးကူးလက်ရေးကမစုတ်ပေ။ဖြစ်ကတတ်ဆန်းလုပ်တတ်တဲ့အကျင့်ကြောင့်သာ လက်ရေးကစုတ်နေရခြင်းဖြစ်သည်။

"မေကူး..စာတွေပိုင်ပြီလား..."

"ဟအေး...ဘာမှကိုမရသေးတာ..ခစ်ခစ်..အဆင့်၅၆က ငါ့အတွက်လေ...."

"ဉာဏ်လည်းကောင်းရဲ့သားနဲ့စာကိုမကျက်ဘူး...."

"သောက်ပျင်းမကြီး.."

"သာသာကလည်းသူငယ်ချင်း အချင်းချင်းကို... "

"ကာယကံရှင်ကတောင် ဘာမှမဖြစ်ဘူး..နင်ကဘာဖြစ်တာနေတာလဲ.."

"ပြောပါစေ.....ထားလိုက်..သူကငါ့ကိုနှိပ်ကွပ်ဖို့ အနီးကပ်ကိုပြောင်းလာတာပဲ.."

စာမေးပွဲဖြေပြီးပြီမို့ Report Cardများကိုအတိုင်းပိုင်မှ ပေးလေပြီ။ပထမမှာ မှုံနံ့သာဖြစ်ပြီး နောက်ဆုံးမှာ ကူးကူးဖြစ်သည်။
ဇူဇူကတော့ 1 to 10အမြဲဝင်သည်။

"နင်တော်တော်အသုံးမကျတာပဲ မေစန္ဒကူး...."

"ဘာဖြစ်လဲဟာ...နင့်အပူပါလား..."
ထုံးတမ်းစဥ်လာတစ်ခုလိုဖြစ်နေသော ကိစ္စတစ်ခုက မှုံနံ့သာ ကြောင့် ခဏခဏစိတ်အားငယ်မိသည်။ထိုကောင်မလေးကြောင့် စိတ်အာရုံတွေကစုစည်းလို့မရတာတော်တော်ပင်ကြာပြီ။ကူးကူး ထင်မထားခဲ့ပေ။အချစ်ဦး​က မိန်းကလေးတစ်ယောက် ဖြစ်မယ်ဆိုတာကို။ဒီလိုနဲ့ကျောင်းတက်လာတာ နှစ်ဝက်ပင်ကျိုးလာခဲ့တော့သည်။

ကူးကူးကတော့ ဗရုတ်ကျမြဲ ခရေပင်သို့သွားမြဲပင်။

"ကလေး.....မမကိုတစ်ခုကူညီပါအုန်း.."

"ဘာလဲပြောလေမမ.."

"တကယ်တော့လေ...မမက ဆရာမမွှေးရနံ့ ကိုကြိုက်နေခဲ့တာ..."

"ရှင်..တကယ်ကြီးလားမမ....မမလည်းကူးကူးလို မိန်းကလေးချင်းစိတ်ဝင်စားနေတာလား..."

"အင်းဟုတ်တယ်....အဲ့ဒါလေ ကူးကူးလက်ရေးနဲ့ ကဗျာလေးတစ်ပုဒ်ရေးပေးပြီး မွှေးရနံ့ ကိုပေးပေးပါလား...ကူးကူးလည်းလက်ရေးလှလာပြီဆိုတော့....တစ်ခုတော့ရှိတယ်..မွှေးရနံ့ မသိစေနဲ့ပေါ့.."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now