အခန်း(၁၁)

1.6K 191 4
                                    


"မမ......မမ.....မမရေ...."

ဟိုအဝေးကြီးကနေ အသာကုန်ခြစ်ကာ အော်ခေါ်နေသံ...သို့ပေမယ့် တို့ဖွဖွလေးသာကြားရသည်။

"မမ.....မမရေ...သာသာခေါ်နေတာကြားလား...မမရေ..သာသာ့ကိုကယ်ပါအုန်း...သာသာအရမ်းကြောက်တယ်မမ....ဒီမှာဘယ်သူမှလည်းမရှိဘူး...အရမ်းလည်းမှောင်နေတယ်....သာသာတစ်ယောက်တည်း အရမ်းကြောက်နေပြီ...သမီးတောင်းပန်ပါတယ်.သမီးကိုကယ်ပေးပါ.မမရယ်...ဟီး..ဟီး..သမီးကြောက်လို့ပါမမရဲ့.."

"သာသာ..သာသာ..ညီမလေး...." ခေါ်သံနှင့်အတူ အိပ်ရာမှလန့်ကာနိုးလာတော့သည်။

(ဟမ်...ငါအိပ်မက်မက်နေတာပဲ..မဟုတ်ဘူး..ဒါအိပ်မက်မဟုတ်ဘူး..သာသာဒုက္ခရောက်နေတာပဲ....သာသာဘယ်မှာလဲ....အရင်ကဘယ်လောက်မုန်းခဲ့မုန်းခဲ့ပါ သာသာကငါ့ညီမလေးပဲ....ငါ့ညီမလေးဒုက္ခရောက်နေတာတော့ ငါလက်ပိုက်ကြည့်မနေနိုင်ဘူး....ငါဘယ်သူ့ကိုအကူညီတောင်းရမလဲ....သူ့အိမ်ကလူတွေကရော ငါပြောတာကို လက်ခံပါ့မလား...ဘုရားဘုရား..သာသာလေးဘာမှမဖြစ်ပါစေနဲ့....ကူးကူးများကူညီပေးနိုင်မလား..)အတွေးပေါင်းစုံကြောင့် အိပ်လို့တောင်မပျော်တော့ပေ။စူးစူးနင့်နင့်လေး ဘယ်ဘက်ရင်အုံက နာကျင်သွားရသည်။

နွေရာသီကျောင်းပိတ်ထားတာ ကျောင်းတွေတောင်ပြန်ဖွင့်တော့မည်မို့ ကူးကူးနယ်ကိုပြန်လာတော့သည်။ရင်ထဲလည်း နေလို့မကောင်း။ဒီမြို့ကိုပြန်လာချင်စိတ်က အတိုင်းထက်အလွန်။တစ်ခုခုကဆွဲငင်နေသလို ဝေဝေဝါးဝါးရယ်။သေသေချာချာရေရေရာရာတော့မရှိပေမယ့် ကျောင်းအပ်တွေလက်ခံတော့မှာမို့ ကူးကူးစောစီးစွာပြန်လာခဲ့တော့သည်။

"မေကြီးရေ...ကူးကူးပြန်ရောက်ပြီ...လွမ်းနေတာ..." အသံလေးစွာကျယ်စွာကျယ်နဲ့ အော်ဟစ်ပြီး အိမ်ထဲပြေးဝင်သွားတော့သည်။

"ဟယ်....မိကူး...."ကူးကူးကိုကြည့်ပြီးဒေါ်ထားထားခင်မင်သက်မိတာတော့အမှန်ပင်။အရင်လိုဝတုတ်မလေးမဟုတ်တော့။အရင်ကသွေးသားကြောင့်ညိုခြောက်နေတဲ့အသားအရေက ခုတော့စိုစိုပြေပြေရယ်။ပေါင်ချိန်၁၉၀လောက်က ခုတော့ ၁၂၀လောက်ပင်ရှိတော့မည်။သွယ်လျလေးမဟုတ်ပေမယ့်တောင့်တောင့်တင်းတင်းလေးနဲ့ ဆွဲဆောင်မှုတစ်မျိုးရှိနေသည်။မျက်နှာမှာဝက်ခြံဆိုတာလည်း တစ်လုံးတောင်မရှိတော့။ပါဝါထူမျက်မှန်ကြီးတပ်ထားသေးပေမယ့် ကိုင်းအလှလေးနဲ့မို့ဖက်ရှင်တောင်ကျနေသေးသည်။

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now