အခန်း(၁၆)

1.5K 183 12
                                    

ကူးကူး ပြောပြသမျှကို ပြုံးပြီးနားထောင်နေသော အစိမ်းရောင်။ကူးကူးကတစ်ခါတလေအရမ်းကြင်နာတတ်သလို တစ်ခါတလေတော့ လည်းအရမ်းရက်စက်တတ်သည်။ရက်စက်တတ်သူကိုမှမနာကြည်းနိုင်လောက်အောင်နှလုံးသားက လိုလားတောင့်တနေခဲ့သည်။

"အစိမ်းရောင်..ကိုယ်ကတိပေးတယ်သိလား....ဒီနှစ်ကုန်လို့မှ သူ့ကိုပြန်မတွေ့တော့ဘူးဆို ကိုယ်လေ မင်းကိုပဲတစ်ဘဝလုံးပုံအပ်ပြီးချစ်ပေးပါ့မယ်လို့....ခုတော့ကိုယ့်ကိုနားလည်ပေးမယ်မဟုတ်လားဟင်...."

"နှစ်မကုန်ခင်ပြန်တွေ့ရင် အစိမ်းရောင်က အစွန့်ပစ်ခံရမှာပေါ့နော်.....ဘယ်တော့မှပြန်မတွေ့ပါစေနဲ့လို့ အစိမ်းရောင်ဆုတောင်းမိမလားမသိဘူး မေရယ်....တကယ်ဆို အစိမ်းရောင်လေ မေ့ကို မစွန့်လွှတ်နိုင်ဘူး....တစ်နေ့ကြထွက်သွားမှာပဲဆိုတဲ့စိတ်ကို ခဏခဏနှလုံးသွင်းပေမယ့် ဘယ်လောက်ပဲသတိပေးပေး မေ့ကိုပိုင်ဆိုင်ချင်တယ်...မေ့အနားမှာထာဝရတွယ်ကပ်ပြီးနေချင်တယ်...."

မျက်ရည်မကျအောင်ထိန်းလည်း မျက်ရည်ကကျဖြစ်အောင်ကျတာပါပဲ..

"ကိုယ့်ကိုချစ်တာ မင်းအရမ်းပင်ပန်းနေပြီပဲ...အစကတည်းက ရှေ့မတိုးဖို့ကိုယ်ပြောခဲ့တာပဲ အစိမ်းရောင်ရယ်....မင်းပဲခံနိုင်ရည်ရှိပါတယ်ဆို.....ဒီလိုနဲ့မင်း ကိုယ့်ကိုစိတ်နာသွားမှာကိုယ်စိုးတယ်..."

"၅နှစ်ဆိုတဲ့ကာလတစ်ခုမှာ မေ့ကိုမတွယ်ငြိဖို့ဘယ်လိုအင်အားနဲ့ ငြင်းဆန်ပစ်ရမှာလဲ.....မရေရာတဲ့မျှော်လင့်ချက်ကို အစိမ်းရောင် မမျှော်လင့်တော့ဘူး မေ...ဒိထက်လည်းခံစားနိုင်စွမ်းမရှိတော့ဘူး...မေ့ကိုလွှတ်လိုက်ပါပြီ...မေ စိတ်ကြိုက်ပျံသန်းလိုက်ပါတော့....အစိမ်းရောင်လေ မေ့အပေါ်မှာချစ်တဲ့ချစ်ခြင်းမေတ္တာကိုတော့ အတ္တကင်းချင်တယ်....."

"တကယ်ပဲ မေ့ကို လက်လွှတ်တော့မှာလား...မေ မရှိဘဲတကယ်ဖြစ်တယ်ပေါ့..."

"မေးရက်လိုက်တာဟာ......"( မေကမရက်စက်တတ်ပါဘူး...ဒါပေမယ့်မေ့ကြောင့် အရမ်းနာကျင်မိနေခဲ့တယ်....ဖြစ်နိုင်ရင် မေ့ကို အပိုင်သိမ်းထားပစ်ချင်တယ်....မြတ်မြတ်နိုးနိုးကိုတွယ်တာမိသွားတာမို့ ကိုယ်ပိုင်အဖြစ် တံဆိပ်ရိုက်နှိပ်ချင်တယ် မေရယ်.....)

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now