အခန်း(၁၇)

1.5K 186 17
                                    


သာသာ...ကိုယ်နေမကောင်းဖြစ်နေချိန်မှာ ကိုယ့်ကို ကိုယ်ဖိရင်ဖိပြုစုစောင့်ရှောက်ပေးတာအတွက် ကိုယ်တကယ်ကျေးဇူးတင်ပါတယ်...ကိုယ့်ပိုင်ဆိုင်မှုတွေကိုတော့ ကိုယ့်ညီကိုပဲလွှဲပေးခဲ့တယ်..မင်းအတွက်ကတော့ မင်းလုပ်ချင်တယ်ဆိုတဲ့ အရာတွေကို စိတ်ကြိုက်လုပ်နိုင်ဖို့ မင်းBank Accထဲ ကိုယ်ငွေလွှဲပေးခဲ့တယ်...မင်းကိုဒိထက်ပိုပေးချင်တယ်ဆိုပေမယ့် မင်းကမှလက်မခံတာဆိုတော့..မင်းဘဝအေးအေးချမ်းချမ်းနဲ့ရပ်တည်နိုင်ဖို့အတွက်လုပ်ငန်းတစ်ခုလောက်တော့ရှိသင့်တယ်ထင်လို့....အတိတ်တွေကိုမေ့နိုင်သလောက်မေ့ပြီးအေးအေးချမ်းချမ်းလေးနေပါညီမလေး...

မင်းရဲ့ဆရာ
ရဲမာန်ထည်

သေတမ်းစာနဲ့အတူ စာလေးတစ်စောင်...သာသာထိုစာလေးကိုရင်ခွင်ထဲပိုက်ပြီး စိတ်ထဲကနေအကြိမ်ကြိမ်ငိုနေမိသည်။သာသာမျက်ရည်မကျတော့တာ တော်တော်ပင်ကြာနေခဲ့ပြီလေ။

တစ်နှစ်နီးပါးလောက် Japan မှာဆေးသွားကုနေပေမယ့် ပြန်လာတော့ သာသာတစ်ယောက်တည်းရယ်ပါ။ခုတော့သာသာ့ဆီမှာ အသိမိတ်ဆွေဆိုလို့သွယ်သွယ်ဆိုတဲ့ ဝန်ထမ်းမလေးတစ်ယောက်ပဲရှိတော့သည်။

"ဇူဇူ....."

"ဘာဖြစ်ရပြန်ပြီလဲ..ငယ်ငယ်က ဗရုတ်ကျပြီးငါ့ကိုမွှေတယ်...ကြီးလာတော့လည်း တစ်မျိုးမွှေတယ်...အမွှေစိန်မ..."

"ဟာ..ငါနာမည်ပဲခေါ်ရသေးတာလေမိဇူရယ်..."

"နင်နာမည်ခေါ်ရင် အပူကပ်တော့မယ်ဆိုတာသိတယ်..ဘာဖြစ်ပြန်ပြီလဲ..."

"အေးဟာ....ငါအစိမ်းရောင်ကိုလမ်းခွဲလိုက်ပြီ....ဒါပေမယ့်နေရတာတစ်မျိုးကြီးဟာ..ငါ့အနားမှာအမြဲကပ်နေတဲ့သူမရှိတော့ဝမ်းနည်းသလိုလိုကြီး."

"အေးညွန့်ညွန့်သာစောင်ထားလိုက်တော့...ဝမ်းနည်းနေရင်..."

"နင်ကလည်းဟာ...ငါအတည်ပြောနေတာ.."

"ဒါခဏထားအုန်း....နင်လက်တွေ့ဆင်းရင်ဘယ်မှာဆင်းမှာလဲ...ငါတို့ဆေးရုံမှာပဲဆင်းဟာ...."

"အေးပါ...."

"နင်သာသာ့ကိုပြန်တွေ့ရင်တကယ်ရောချစ်နိုင်မှာလား....သာသာကရောစိမ်းလွင်လွင်ခြယ်လို နင့်အပေါ်ကိုကောင်းမှာတဲ့လား...နင့်ကိုသူချစ်တယ်ဆိုတာနင်ပြောပြသလိုဆို အိပ်မက်တွေထဲမှာပါပဲဟာ....သူကမှတ်တောင်မှတ်မိပါ့မလား..."

ခရေပင်ကိုအစွဲပြု၍🌳Kde žijí příběhy. Začni objevovat