အခန်း(၁၃)

1.6K 185 7
                                    

ဦးထွန်းခင် ပယောဂဆရာကိုပင့်ကာ အိမ်သို့ညနေပိုင်းလောက် ရောက်လာခဲ့တော့သည်။ပယောဂဆရာနှင့်အတူ တပည့်နှစ်ယောက်ပါ အတူပါလာသည်။

ပယောဂဆရာ ဝင်လာတယ်ဆို အခန်းထဲတွင်ရှိနေသော ဟန်လေး စိုးထိတ်သွားတော့သည်။

(ဟိုလူ ရိပ်မိသွားပြီလား။ဒုက္ခပဲ...ငါဘယ်လိုလုပ်ရမလဲ...ငါအားထုတ်ခဲ့ရသမျှတွေ သဲထဲရေသွန် မဖြစ်ချင်ဘူး...)

"ခင်ဗျားဘာတွေအမှားလုပ်ထားလဲ ကိုထွန်းခင်....ခင်ဗျားအိမ်မှာရှိနေတဲ့မကောင်းဆိုးဝါးက လက်စားချေချင်စိတ်တွေနဲ့ပြည့်နှက်နေတယ်...တစ်ခုတော့ ကြိုတင်သတိပေးပါရစေ...ကျုပ်တို့စီရင်နေတဲ့အချိန် အနှောက်အယှက်တွေပေါ်ကောင်းပေါ်လာလိမ့်မယ်...အဲ့ဒါတော့ခင်ဗျားတာဝန်ယူပြီး ကာကွယ်ပေးရမယ်..စည်းကြိုးသွားရင် ကျုပ်တို့ဆရာတပည့် သုံးယောက်ဒုက္ခရောက်မှာ.. ."

"ကောင်းပါပြီဆရာ...အဲ့ဒိကိစ္စကတော့ ကျွန်တော့တာဝန်သာထားလိုက်..ဒါနဲ့ မကောင်းဆိုးဝါးဆိုတာက.. "

"တနလ်ာသမီးကိုယ်ထဲမှာ ဝင်ရောက်ခိုကပ်နေတာပဲ...ခင်ဗျားသမီး ဝိညာဥ်က ချုပ်နှောင်ခံထားရတယ်.."

"အဲ့ဒါဆို ခု..."

"ဟုတ်တယ်..ခင်ဗျားသမီးမဟုတ်ဘူး.."
အကြောင်းအကျိုးတွေကိုဆက်စပ်ကြည့်တော့လည်း သံသယဝင်စရာတစ်ကွက်တောင်မရှိ။..

"အဲ့ဒါဆို ကျွန်တော့သမီး အန္တရာယ်ကင်းရဲ့လားဗျာ..ဆရာတို့ကယ်တင်ပေးပါအုန်း..."

"စည်းမဖောက်မိရင်တော့ ကင်းတယ်.စည်းဖောက်မိသွားရင်တော့ မသေချာဘူး..အသက်ပြန်ရှင်လာဖို့ဆိုတာ...ဒီမကောင်းဆိုးဝါးကို ကာကွယ်ပေးထားတဲ့အရာက ဘာလဲဆိုတာမသိပေမယ့် တော်တော်တော့အရှိန်အဟုန်ပြင်းတယ်....ဒါကကျုပ်တို့အတွက် တကယ့်အန္တရာယ်ပဲ.."

ပယောဂဆရာရဲ့ အပြောကြောင့် ဦးထွန်းခင်စိတ်အတော်လေးလှုပ်ရှားနေတော့သည်။ကိုယ့်သားသမီးကြတော့ သိတတ်လိုက်တာ....

"ကလင်...ကလင်...ကလင်...."ဆူညံစွာမြည်လာသော ဖုန်းသံ....

"မေကြီးရေ ဖုန်းလာနေတယ်.."

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now