အခန်း(၃)

2K 221 10
                                    


       

အိမ်ပြန်ရောက်တယ်ဆို ကူးကူး ကတော့ကျောင်းသွားရမှာမို့ရေမိုးချိုးကာ စောနကကိစ္စကိုမေ့မေ့ပျောက်ပျောက်ပင်။ရနံ့ကတော့ အခန်းထဲဝင်သွားပြီး ခေါင်းအုံးပေါ်မျက်နှာအပ်ကာ ရှိုက်ကြီးတငင်ပင်ငိုကြွေးနေတော့သည်။

ကူးကူးကြုံတွေ့ခဲ့ရသော ကိစ္စကို မေကြီးအားပြန်မပြောပေ။စပ်စပ်စုစုသွားတယ်ဆိုပြီးအဆူခံရမှာဆိုးသည်။ထို့ကြောင့် ဘာဆိုဘာမှပြန်မပြောပေ။

"မေကြီးကူးကူး..ကျောင်းသွားတော့မယ်နော်..."

"အေးသမီးရေ..စက်ဘီးဖြည်းဖြည်းနင်းနော်."

"ဟုတ်.."

ကူးကူးအခန်းထဲဝင်တယ်ဆို အကုန်လုံးက ဝိုင်းကြည့်ကြပြန်သည်။

"မေကူးကတော့နော်... လူကမလာသေးဘူး..သတင်းကအရင်လာတယ်....ထွဋ်ဝလာကို အပြီအပြင်ဖဲ့လိုက်တယ်ဆို...ငထွဋ်သူငယ်ချင်းတွေကနင့်ကို နာမည်ပြောင်ပေးထားတယ်...."

ထိုင်တောင်မထိုင်ရသေး......အရှင်းလေးအသံကြောင့် ကူးကူးနာမည်ပြောင်ဆိုတာကိုအရမ်းသိချင်မိ။

"ဘာတဲ့လဲ.... "

"ဝက်ကူး..ရုပ်ဆိုး..ပေါင်ချိန်တိုးတဲ့....ဟား..ဟား."

"မဆိုးပါဘူး...နာမည်လေးကလှသားပဲ...အဲ့ဒါဆိုငါလည်းသူ့ကိုနာမည်ထပ်ပေးရမှာပေါ့.."

"ပြောစမ်းပါအုန်းဟ..."

"ငထွဋ်စောက်ရူးမိလ္လာတူးလို့....ဟားဟား."

နားစွင့်နားဖျားကြားသူကစ တစ်ခန်းလုံးပွဲကျသွားတော့သည်။

ဘာရယ်တော့မသိ....ကူးကူးရဲ့ငထွဋ်ကိုနှိပ်ကွပ်သံကိုကြားတော့ မှုံနံ့သာ အလိုလိုပြုံးမိသွားသည်။

ကျောင်းတက်ခေါင်းလောင်းထိုးပြီး ဘုရားရှိခိုး အလံတော်သီချင်းဆိုကာ ပထမဆုံးအချိန်ဖြစ်တဲ့ မြန်မာစာအချိန် အလှည့်ရောက်လို့လာတော့သည်။

အခန်းထဲသို့ ဝင်လာသော မွှေးရနံ့ကိုကြည့်ပြီး ကျောင်းသားတွေရိုးတိုးရွတွဖြစ်နေကြသည်။၂၆နှစ်သာရှိသေးသော ကျောင်းဆရာမလေးမှာ ဆယ်ကျော်သက်အရွယ်ကျောင်းသားလေးတွေအတွက် ရင်ဖိုစေသော အလှတရားတွေရှိနေသည်မို့ ကျောင်းသာတွေရဲ့ အိပ်မက်နတ်သမီးလေးဖြစ်လို့နေသည်။

ခရေပင်ကိုအစွဲပြု၍🌳Opowieści tętniące życiem. Odkryj je teraz