အခန်း(၁၀)

1.7K 176 3
                                    

ကူးကူးဆုံးဖြတ်ထားပြီးပြီ။နွေရာသီကျောင်းပိတ်ရက် ရန်ကုန်ကအဘွားဆီမှာသွားနေဖို့ကို....ထို့ကြောင့်လည်း ခရေပင်ဆီသို့နောက်ဆုံးအနေနဲ့သွားဖို့ပြင်နေတော့သည်။

ခရေပင်ဆီရောက်တယ်ဆို အထီးကျန်စွာပဲ ခရေပင်က တစ်ပင်တည်းသူ့ကိုစောင့်ကြိုနေတုန်း...လေပူတွေတစ်ချက်မှုတ်ထုတ်လိုက်ပြီး ခုံတန်းလေးပေါ်ထိုင်ချလိုက်သည်။တစ်ယောက်တည်းရှိနေသည်မို့ စကားသံတွေကို အပြင်ထုတ်ကာပြောနေမိတော့သည်။

"သာသာ.....ငါတောင်းပန်ပါတယ်ဟာ....ငါနင့်ကိုမရိုက်သင့်ဘူးဆိုတာသိပါတယ်.....ငါ့သိက္ခာ.ငါ့မာနတွေကိုခဏခဏအစော်ကားခံနေရတော့ တဒင်္ဂလေး ငါစိတ်လွတ်သွားတာပါ....နင်ချစ်တဲ့လူတွေကိုလည်း ငါမပတ်သက်တော့ပါဘူး...ဆရာမမွှေးရနံ့ ရော ငထွဋ်ကိုရောပါ...ငါကျောင်းလည်းပြောင်းတော့မှာပါ...ငါချစ်တဲ့နင့်ဆီကအမုန်းတွေကို ငါထပ်ပြီးမလိုချင်တော့ဘူးဟာ...ငါနင့်ကိုချစ်တယ်သိလား..နင့်နဲ့ယှဥ်ရင်အရာရာသိမ်ငယ်ရတဲ့ဘဝမို့ ငါနင့်ကိုချစ်တယ်လို့ဖွင့်ပြောရမှာ မဝံ့ဘူး....နင်ကငါ့အချစ်ဦးပါဟာ....ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး..ငါ့အချစ်ဦးက မိန်းကလေးတစ်ယောက်ဖြစ်နေမယ်ဆိုတာ....ငါမနက်ဖြန်ရန်ကုန်သွားတော့မယ်...ကျောင်းဖွင့်ရင်လည်း အ.ထ.က (၁)ကိုပြောင်းတော့မှာ...ငါနင့်ကိုအဝေးကနေပဲချစ်နေတော့မယ်...." ပါးပြင်ပေါ်စီးကျလာတဲ့မျက်ရည်တွေက နာကျင်မှုရဲ့သက်သေတွေပင်။

တစ်ယောက်တည်းရေရွတ်နေပေမယ့် တစ်စုံတစ်ယောက်သော သူက ကြားနေရသည်။ထိုစကားသံတွေကိုကြားပြီး နာနာကျင်ကျင်နဲ့ ငိုနေခဲ့သည်။ထိုသူရဲ့ငိုသံကိုတော့ ကူးကူးမကြားနိုင်။ငိုနေသူမှာ အချုပ်နှောင်ခံထားရတဲ့ မှုံနံ့သာ ဖြစ်နေ၍သာ.

"ဟိုကြရင်လိမ်လိမ်မာမာနေနော်..အဘွားစကားလည်းနားထောင်.....မဆိုးနဲ့နော်..သွားချင်သပဆိုလို့လွှတ်တာ စိတ်ချတာမဟုတ်ဘူး.."

"မေကြီး ကူးကူးကလေးမဟုတ်တော့ဘူး.." အပျိုဖော်ဝင်နေပြီမို့ မဏ္ဍပ်တိုင်တက်ပြနေခြင်းပင်။

"သမီးက ကလေးမဟုတ်တော့ဘူးဆိုတော့ လူကြီးဖြစ်နေပြီလား..." ဖခင်ရဲ့အမေးကြောင့်ရှက်သွားတော့သည်။

ခရေပင်ကိုအစွဲပြု၍🌳Where stories live. Discover now